ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

Friendsdaygroupရဲ့ လွမ်းမောဖွယ်

friendsdaygroup ရဲ့
ဖခင်ကြီး လင်းလတ်ဟန်ရေ
နွေ မိုး ဆောင်း အလီလီပြောင်း
ရွက်ဟောင်းကြွေလို့
ရွက်သစ်တွေလည်း အခါခါဝေခဲ့ပြီလေ
သူငယ်ချင်းတွေရဲ့ အဘိဓာန်
သေချာပြန်ဆန်းစစ်ကြည့်တော့
လွန်ခဲ့တဲ့ နှစ်များစွာက
ဝိုင်းဖွဲ့စားသောက်ခဲ့တဲ့
ငတ်တစ်လှည့် ပျတ်တစ်လှည့် ဘဝေလေးတွေနဲ့
ဟင်းလျှာမရှိတဲ့ ညစာတွေကြားက
ဒီဇင်ဘာ (၁၄) ရက်ကို
ကဗျာစာအုပ် ငယ်တွေနဲ့
အသက်ရှည်စေခဲ့ကြတယ်
အခုတော့ သူငယ်ချင်းရေ
Internet ဆိုတဲ့ ကွန်ယက်မှာ
တို့ရဲ့ friendsdaygroup ဟာ
ထင်ပေါ်ကျော်ကြားလို့
ဘာတတ်နိုင်မှာလဲ
ငွေဆိုတဲ့ သားကောင်နောက်
ငါတို့မလိုက်နိုင်ခဲ့ဘူးလေ
တို့တတွေကတော့ တစ်ယောက်တစ်နေရာစီ
ဝေးကွာနေကြပြီလေ
ပုလင်းဖက်မွေးတဲ့
နှင်းဆက်သွေးက တစ်နေရာ
အာလူးနဲ့ မက်လုံးပေး
ခွဲခွါသွားတဲ့ ဝေလင်းစော
အရာရာကို လျစ်လျူရှု့
ဥပေက္ခာ ပြုတတ်တဲ့ ညီမင်းခ
ယခု
friendsdaygroup မှာ
တာဝန်ယူနေသော Admin ဖြစ်တဲ့
ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုကြီး ဂျေဂျူဝိုင်
ပင်မဌာနချုပ်မှာ
နားခိုနေဆဲ ဖြစ်တဲ့
ခွန်ပဇ္ဇုန် နဲ့ ခွန်ရာဇာ
အရာရာဟာ လွမ်းမောစရာတွေချည်းပါပဲ
ငွေမရှိတဲ့ တို့ဘ၀ ဘာတတ်နိုင်မှာလဲ
Internet မှာ
ထင်ပေါ်နေတဲ့ friendsdaygroup ကိုကြည့်ပြီး
ငါတို့ ၀မ်းသာရမှာပေါ့ကွာ
ဘာပဲဖြစ်ဖြစ်
14.12.2010 ဒီဇင်ဘာ (၁၄) ရက်လည်း
ဘာလိုလိုနဲ့ ရောက်တော့မယ်နော်
သူငယ်ချင်းတို့ရေ
ငါတို့ရဲ့ ငတ်တစ်လှည့် ပျတ်တစ်လှည့်
ဘ၀လေးမှာ
အရင်လိုနားခိုဖို့
ရောက်ရာအရက်က
ဌာနချုပ်ရှိရာကို
အမြန်ပြန်လာကြပါကွာ
အရင်လို ဘ၀လေးနဲ့ပဲ
ဒီနှစ် သူငယ်ချင်းများနေ့မှာ
တို့တတွေ ပျော်ကြတာပေါ့
ပျော်ကြတာပေါ့
ပျော်ကြတာပေါ့ကွာ။

No comments:

Post a Comment