ရှာချင်ရာအမြန်ရှာဖို့

Tuesday, January 3, 2012

ငါရှုံးပါတယ်

သံစဉ်တွေ အံကျလာတဲ့ လူပျိုလှည့်ည
တေးသံအေးအေးလေးရဲ့ အဆုံးမှာ
ခေါင်းကိုက်အောင်မူးနေတဲ့
Beer တစ်ခွက် နဲ့ Ruby တစ်လိပ်
အရာအားလုံးဟာ
အတိတ်မှာပဲ ရှိပါစေလို့
မှုန်ပြပြ အလင်းအရောင်အောက်မှာ
ငါ . . . . . ဆုတောင်းမိတယ်
အတိတ်မှာ ဘာတွေဖြစ်ခဲ့ခဲ့
ပြီးဆုံးသွားပြီ ကြေငြာသူ ရှုံးကြေးလို့
မင်းပြောခဲ့တယ်နော်
သစ္စာတရားကို လက်ကိုင်ထားတဲ့
မင်းအတွက်တော့
အမှန်အမှား ခွဲခြားဖို့
မင်းက သစ္စာတရားကြီးသူလား , , ,?
ထားပါတော့လေ
သစ္စာတရားဆိုတဲ့ အဓိပ္ပါယ်ကို
မင်း အသေအချာနားလည်ရဲ့လား . . . ?
လူတစ်ယောက်က မင်းအရှေ့မှာ
ကျရှုံးသွားတာကို မင်းခံတွင်းတွေ့နေလား . . . ?
တုန်ပြန်တတ်တဲ့ လောကကြီးထဲမှာ
မင်းလည်းငါ့လို မကျရှုံးပါစေနဲ့
အနိုင်အရှုံးတွေကြားမှာ
အရှုံးတွေဟာ ငါ့ရဲ့ မိတ်ဆွေတွေဆိုတာ
မင်း သိမှ သိပါလေစ
ငါကျေနပ်ပေးရမှာပေါ့
ငါပျော်နေပါတယ် မိန်းကလေး
မင်းအတွေးမှာ
မင်းထင်သလိုမဟုတ်ခဲ့လို့
မင်းတော်တော်ခံပြင်းနေလား . . . ?
နောင်တတွေနဲ့ လိမ်းကျံထားတဲ့
မင်းရဲ့ သစ္စာတရားတွေကို
မင်းကိုယ်တိုင်
မင်းကိုယ်တိုင် ပါပဲ အဆုံးသတ်လိုက်တာနော် ။ ။

No comments:

Post a Comment