ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

နားလည်ပေးပါ


သူငယ်ချင်းရေ . . .
မိုင်ပေါင်းများစွာ နီးလိုက်ဝေးလိုက်
ကမောက်ကမနဲ့ ပြန်ရောက်လာလိုက်
ငါ့ရဲ့ တွေးအာရုံးထဲမှာတော့
ဟိုးအတိတ်ကိုလည်း ပြန်မသွားဘူး
ပစ္စုပ္ပန်မှာလဲ ငါရပ်မနေဘူး
သူငယ်ချင်းရေ . . .
အားငယ်တတ်တဲ့
ငါ့ရဲ့ အားနည်းချက်ကို
မင်းတို့တစ်စက္ကန့်မျှ သတိရပေးရင်
မင်းတို့ ငါ့အပေါ်မှာ
တစ်သတ်တာ နားလည်လာမှာပါ
သူငယ်ချင်းရေ . . .
ငါ့ရဲ့ဖြူစင်တဲ့ ခင်မင်မှုနောက်မှာ
မွန်မြတ်တဲ့ နှလုံးသားလေးရှိတယ်ဆိုတာ
ငါဘယ်လို အရာတွေနဲ့
သတ်သေပြရမှာလဲ
သူငယ်ချင်းရေ . . .
ဘာပဲဖြစ်ဖြစ်ပေါ့
မှန်ကင်းတောင် ထင်းဖြစ်သေးရင်
ဘာမဟုတ်တဲ့ ငါဟာလဲ
ဘာမှမဟုတ်တဲ့ အကောင်ဖြစ်နေတာ
ဘာဆန်းသလဲ သူငယ်ချင်း။

No comments:

Post a Comment