ရှာချင်ရာအမြန်ရှာဖို့

Tuesday, January 3, 2012

နောက်ကျသော အသိတရား

စိတ်ဝင်စားဖွယ်
အဓိပ္ပါယ်ရှိသော ဘ၀ဆိုတာ
ငါရှာဖွေလို့ မတွေ့သေးခင်
ပျော်စရာနောက်
ခြေရာကောက်လိုက်ရင်းနဲ့
ပျော်စရာတွေ ပျော်ပျောက်သွားတယ်
ခန်းခြောက်သွားတဲ့
အချိန်တွေအတွက်
ငါ့အသက် နှစ်ဆယ်ငါးနှစ်
လျှော်ပေးလိုက်ရတယ်
ညမအိပ်ခင်
နဖူးပေါ်လက်တင်ပြီး
ဆင်ခြင်တွေးကြည့်လိုက်တိုင်း
တစ်နေ့ဟာ ကျေနပ်စရာဆိုလို့
ဘာမှမရှိ
အသိတရားဆိုလို့
ဘာမှမရှိ
အသိတရားဝင်စဉ်
ထပြီး အလုပ်လုပ်ချင်ပေမယ့်
မိုးကချုပ်သွားခဲ့ပြီလေ
ဒီလိုနဲ့ တစ်နေ့တာရဲ့
ခေါင်းစီးအောက်က
နောင်တတွေ
တစ်သီတစ်တန်းကြီးနဲ့
အိပ်ခန်းဝင်ခဲရတယ်လေ ။ ။

No comments:

Post a Comment