ရှာချင်ရာအမြန်ရှာဖို့

Sunday, January 22, 2012

အနီရောင်ကောင်မလေးအတွက်

အနီရောင် ကောင်မလေးရေ
ငါ့ရဲ့ အပြာရောင် ဒိုင်ယာရီထဲမှာ
အဖြူရောင် စကားလုံးတွေနဲ့အတူ
အတိတ်ကို မေ့ဆေးထိုးဖို့
ငါမကြိုးစားခဲ့ပါဘူး
ရယ်စရာလေးတွေ ပြောတတ်တဲ့ နင့်ကို
ငါဘယ်လို မေ့လို့ရမှာလဲဟာ
အတွေ့အကြုံတွေ ပေးခဲ့တဲ့ နင့်ကို
ငါဘယ်လို မေ့လို့ရမှာလဲ ။
အနီရောင် ကောင်မလေးရေ
အခြေအနေတွေ မတူခဲ့လို့
ငါ့ရင်ထဲက စကားလုံးတွေကို
နင်မကြားတတ်ခဲ့တာပါ
ငါ့မျတ်ဝန်းတွေကို နင်သိသင့်ပါတယ်
ခွဲခွါရတော့မယ်ဆိုတဲ့ အသိကြောင့်
ငါ့ရဲ့ နှုတ်ဆက်မှုက
ကြမ်းတမ်းလွန်းခဲ့တယ်နော် ။
အနီရောင်ကောင်မလေးရေ
ရည်မှန်းချက်ကြီးတဲ့ နင့်ကို
မျှော်လင့်ချက်နဲ့ ရုန်းကန်နေရတဲ့ ငါက
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေ အတွက်
ငါရင်နင့် ခံစားနေရတာတွေကို
နင်သိစေချင်လိုက်တာဟာ ။
အနီရောင်ကောင်မလေးရယ်
ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေ မရှိခဲ့ရင်
ငါ့မျတ်ဝန်းတွေ ရီဝေနေမှာ မဟုတ်ဘူး
တစ်ခါတလေ အတိတ်စာမျက်နှာတွေကို
ငါ့မျက်ရည်တွေနဲ့ ထိုးကျွေးမိတယ်
အရာမထင်ခဲ့ပါဘူး
ကြည့်မှန်တစ်ချက်လို တုန့်ပြန်သက်ရောက်မှုတစ်ခုသာ
ငါအခါခါ ပိုင်ဆိုင်ခဲ့ရတယ် ။
အနီရောင်ကောင်မလေးရေ
ငါတို့ရဲ့ တွေ့ဆုံခွင့် နောက်တစ်နေ့
ဘယ်မှာမှန်းမသိတဲ့ နောက်တစ်နေ့
နောက်ထပ်ပေါ်လာမယ့် အခက်အခဲ
အိပ်လို့မပျော်တိုင်း ထထကြည့်မိတဲ့
ခေါင်းအုံးအောက်က ဒိုင်ယာရီ
ဇော်ဂျီမြစ်ဘေးက
ငါတို့အမေစိုက်ထားတဲ့ သရက်ပင်ကို လွမ်းတာထက်
ငါနင့်ကို ပိုလွမ်းတတ်တာကိုတော့ ငါဝန်ခံပါရစေဟာ ။ ။

No comments:

Post a Comment