ရှာချင်ရာအမြန်ရှာဖို့

Sunday, January 1, 2012

တောင်းပန်ပါတယ်

ကြယ်တွေ မီးဇာကုန်တဲ့ညက ငါ့ကို ဆွဲခေါ်တယ် မိုးခိုငှက်တို့ရဲ့ ဒုက္ခထပ် ငါ ဒုက္ခက နှာတစ်ဖျားသာတယ် လွမ်းမောချင်တွေရပ်ပါတော့ ငါကို မလှောင်ပါနဲ့ကွာ တကယ်ဆို ငါလေ မင်းနဲ့ ပတ်သတ်ပြီး ဒဿဂီရိ ဖြစ်ခဲ့ရတယ် မင်းကုသဖြစ်ခဲ့ရတယ် တစ်ခါတလေကျတော့ ဟစ်တလာ ဖြစ်ရပြန်တယ် နားလည်ပေးပါကွာ အချစ်စစ်တစ်ခုအတွက် ငါ့ဘ၀ကို စိတ်ကူးနွံထဲမှာ နစ်ခဲ့တယ် ငါ ရုံးထွက်ဖို့ ကြိုးစားနေဆဲပါ ငါ့ကို မမုန်းပါနဲ့ တိတ်တိတ်ကလေးပဲ ငါနားက ထွက်သွားပါ ငါတောင်းဆိုနေတာ မဟုတ်ပါဘူး ငါမင်းကိုချစ်တဲ့ စိတ်နဲ့ ငါတောင်းပန်နေတာပါကွာ ငါတောင်းပန်နေတာပါကွာ ။ ။

No comments:

Post a Comment