ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

အမှန်တရား

အတွယ်တာဆုံး ဘ၀ကိုစွန့်လွတ်
အမုန်းဆုံးအလုပ်ကို ငါလုပ်ခဲ့ပြီး
အရချင်ဆုံးအရာကို ငါအရယူခဲ့မိတယ်
ရွက်မဲ့ပင်ခြောက် သစ်ခေါင်းပေါက်ဆိုတဲ့
တစ်ခုတည်းသော ငါ့ရဲ့ မှီခိုရာကို
ခြေစုံကန် ထပြန်ပြီး
ရဲရဲစွန့်လွတ်ခဲ့တယ်
သူရဲ့ ခင်မင်မှုကို ရဖို့
ငါ့ကိုငါလည်း ညာရဲခဲ့တယ်
လောကကြီးကိုလည်း လိမ်ရဲခဲ့တယ်
ရင်ထဲက ဆန္ဒတစ်ခုအတွက်
ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးက
သိပ်တော့မမျှဘူး
ငါ့ကို ကျိုချက်ရတဲ့ စိတ္တဇညများ
အသိုက်အမြုံကို စွန့်ပစ်ရမှုများ
လောကကြီးရဲ့ နာကျင်ကျင် အကြည့်များ
အားလုံး အားလုံးကို ငါရတယ်
ဘာပဲဖြစ်ဖြစ်
လူလိမ်လူညာလေးတစ်ယောက်
သိညာဉ်မဲ့သွားသည့်တိုင်
သူလိမ်ခဲ့သူ အားလုံးအပေါ်
သူရိုးသားသွားမှာပါ ။ ။

No comments:

Post a Comment