ရှာချင်ရာအမြန်ရှာဖို့

Tuesday, January 3, 2012

လျှောက်လဲခွင့်

လက်မဟာ
အတ္တကို ကိုယ်စားပြုပြီး
လက်ညိုးဟာ
သံသယကို ကိုယ်စားပြုသတဲ့
သူငယ်ချင်း
မင်းရဲ့အတ္တ လက်မကို
ခေါက်ထားပြီး
တို့ဘက်ကို နည်းနည်းလောက်စဉ်းစားပေးပါ
သူငယ်ချင်း
မင်းရဲ့ သံသယ လက်ညိုးကို ခဏတစ်ဖြုတ်ကွေးထားပြီး
တို့ဘက်ကို နည်းနည်းလောက်ပေးကြည့်ပါ
အမှန်အမှား ခွဲခြားမသိ
လှည့်စားခြင်းဆိုတဲ့ပုဒ်မနဲ့
ခုံရုံးမှာတင်ထားတဲ့
မင်းစွဲချက်တွေကို
တို့မပယ်ဖျတ်ချင်ပေမယ့်
မုန်းကြဖို့ဆိုတာ
လက်တစ်လုံးသာခြားပြီး
ပြန်ပြုံးပြနိုင်ဖို့တော့
တစ်သက်လုံး ကြိုးစားရမှာမို့
အချိန်ပေးပြီး တွေးခေါ်စဉ်းစားသင့်တယ် သူငယ်ချင်း ။

No comments:

Post a Comment