ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ဂုဏ်ပကာသနတွေသာမရှိခဲ့ရင်


ချစ်သူရယ် . . .
မင်းဘေးနားက အဝေးကို
ထွက်မသွားချင်ပါဘူး
အဆွေးသမားလည်း
ကိုယ်မဖြစ်ချင်ပါဘူး
ဖြစ်နိုင်ရင်
သာယာတဲ့ ရင်ခွင်မှာ
နုညံ့တဲ့ အချစ်တွေ
ပေးပြီး အရိပ်တကြည့်ကြည့်
ချစ်နေချင်တာပါ
အိပ်မက်နဲ့ စိတ်ကူး
ထပ်တူကြခဲ့ပေမယ့်
တကယ်လက်တွေ ဘ၀မှာတော့
ဂုဏ်ဓနတွေပိုင်းခြား
ပကာသနတွေ ခြံရံထားနဲ့
မိုးနဲ့မြေလို
ကွာခြားလှပါတယ် . . . ချစ်သူရယ်
မမှီတဲ့ပန်း မလှမ်းသာပေမယ့်
သိလျှက်နဲ့ ခုန်ခူးမိတော့
လကို ဆူးစူးတာပေါ့
ပေါင်းစပ်လို့ မရတဲ့ ဘ၀နှစ်ခုအတွက်
ချစ်သူဖတ်က စွန့်ပြစ်မှာလား
ကိုယ့်ဖတ်မှာက
အချစ်ကို ကိုးကွယ်ထားတာမို့
နေ့စဉ်ရက်စက်
ကိုယ်စောင့်နေပါတယ်
ဓနဂုဏ်တွေ မရှိပေမယ့်
သစ္စာ အချစ်တွေ ရှိနေပါတယ်
မဆုံစည်းနိုင်သော
ကိုယ်တို့နှစ်ယောက်အတွက်
နောက် . . . နောင်ဘ၀ဆိုတာရှိခဲ့ရင်
နောင်ဘ၀ဆိုတာရှိခဲ့ရင် . . . ?

No comments:

Post a Comment