ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ကြယ်တွေဝိုင်းဖွဲ့နေသ၍

သူငယ်ချင်းရေ . . .

 ကဗျာမဆန်တဲ့မနက်ခင်းတွေတိုင်း

ရှေးဆန်တဲ့ အတွေးအခေါ်တွေနဲ့

လူဖြစ်ခဲ့ရတာပေါ့
ဝိရောဓိဆန်တဲ့ ငါ့အတွေးထဲမှာ
ဗျာများနေတဲ့ ငါ့စိတ်တွေဟာ
ဆန့်ကျင်ဘက် နက္ခက်တွေနဲ့အတူ
လွန်ဆွဲနေတဲ့ ကံကြမ္မာနောက်
အခါခါလိုက်နေခဲ့တယ်
တစ်ခါတစ်ရံမှာ
အေးစက်စက်ထမင်းကို
ဆားနဲ့တို့စားပြီး
ခြင်အကိုက်ခံရတဲ့ ဘ၀ကို
ငါလွမ်းတယ်
တစ်ခါတစ်ရံမှာ
Chatting နဲ့ blogs တွေအကြောင်း
Ruby မီးခိုးတွေကြားမှာ
အာပေါက်နေအောင်ထိုင်ပြောကြတယ်
တစ်ခါတစ်ရံမှာ
ဖန်ချိုကျစိမ့် (ဟဲဟဲ အရောလေးပါ) တွေကြားမှာ
မရှိရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့
ထိုင်သောက်ကြတယ်
တစ်ခါတစ်ရံမှာ
ပိုက်ဆံအသက်ငင်နေတဲ့အချိန်
ရေငတ်နေတဲ့ လူတစ်ယောက်လို
အရာရာကို
ငတ်မွတ်နေကြတယ်
ဒါပေမယ့် . . .
ကောင်းကင်ယံမှာ
ကြယ်တွေဝိုင်းဖွဲ့နေသ၍တော့
သူငယ်ချင်းများအဖွဲ့ဆိုတာ
ကြယ်တွေနဲ့အတူ ရှင်သန်နေအုံးမှာပါ ။ ။

No comments:

Post a Comment