ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ကြွေလွင့်သူရဲ့ ရင်ခုန်သံ

ညီမလေးရေ . . .
ငါလျှောက်နေတဲ့လမ်း
မှားမှန်းလည်းငါသိတယ်
ငါမမော့ပန်းခဲ့ပါဘူး
အရာရာကို လျစ်လျူရှု့
ဥပေက္ခာပြုလို့ရမယ်ဆိုရင်
ကဲ . . . လာစမ်းကံကြမ္မာ
အဲဒီအချိန်မှာ
အမှန်တရားက သေဆုံး
လင်းလတ်ဆဲ ကြယ်တစ်ပွင့်တောင်
မှေးမှိန်ခဲ့ရတယ်
ဘာပဲဖြစ်ဖြစ်ပေါ့
ငါအခန်းနံရံက
မှန်ချက်ကလေးဟာ
ဓားစာခံဖြစ်သွားခဲရတယ်
ညီမလေးရယ်
အရှုံးတွေနဲ့ နေသားကျနေတဲ့ ငါ့အတွက်တော့
သူငယ်ချင်းတွေရဲ့
ဟားတိုက်မှုကိုလည်း ငါခံစားနိုင်တယ်
လောကကြီးရဲ့ လှောင်ပြောင်မှုကိုလည်း
ငါရင်ဆိုင်ရဲတယ်
ဒါပေမယ့် . . . ညီမလေးရယ် ။ ။

No comments:

Post a Comment