ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

သူငယ်ချင်း


အဓိပ္ပါယ်ကို အသေအချာမဖွင့်ဆိုတတ်ပေမယ့်
နုညံ့တဲ့ သံစဉ်တစ်ပုဒ်ကို
မင်းနဲ့ ငါ့ရဲ့ခင်မင်မှုဟာ
အေးချမ်းလွန်းလှတယ်
ဂုဏ်တွေ၊ ဓနတွေ ကင်းတဲ့
ခင်မင်မှုတွေနဲ့
၅၂၈ ဆိုတဲ့အဖြူရောင်ကြိုးတွေကို
ရစ်ပတ်ခဲ့ပြီးတဲ့နောက်
ဒို့နှစ်ယောက်ဟာ
ရိုးသားခြင်းဆိုတဲ့ တိမ်လွှာကြားမှာ
ပျော်ရွှင်စွာ လွင့်မျောခဲ့ကြတယ်
၁၅၀၀ မေတ္တာဆိုတာ
အတ္တမာနနဲ့ သံသယတွေက
တိုက်စားဖန်များလာရင်
ပြိုလဲကြေကွဲ တတ်ပါတယ်
ငါ့တို့နှစ်ယောက်ရဲ့ ခင်မင်ခြင်းမှာ
ဘာမြူမှုန့်မှ မပါတဲ့အတွက်
ဘယ်တော့မှ ပျတ်သုဉ်းမှာ မဟုတ်တာ
ငါယုံကြည်သလို
မင်းလည်းယုံကြည်လိမ့်မယ်လို့
ငါ . . . ထင်မိတယ် ။ ။

No comments:

Post a Comment