ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

စိတ်


မိုင်ပေါင်းများစွာနီးလိုက်ဝေးလိုက်
ကမောက်ကမနဲ့ ပြန်ရောက်လာလိုက်
ကျီးမိုက်လို ကမ်းမမြင် လမ်းမမြင်ဖြစ်လိုက်
ကပျက်ကချော် ကတိပြန်ပေးလိုက်
ကသိကအောက် ခေါင်းခါပြီး ပြန်ဝင်လာလိုက်
သူ့ဆီက ထွက်ထွက်သွားသောစိတ်
ကရော်ကမယ်အပြုံးနဲ့ ကြိုဆိုလိုက်
ထစ်ထစ်ချုန်းချုန်း မရွာဖြစ်တဲ့
ပေါက်ပေါက်ပြဲပြဲ ကျင့်ဝတ်က
လူမြင်မကောင်းတာတွေကို
ဒါနောက်ဆုံး တစ်ကြိမ်လို့ သစ္စာဆိုလိုက်
အနာဂတ်မှာ ပြဿဒါးတွေ
ကသောင်းကနင်း တန်ဆာဆင်အောင်
အခွင့်အရေးပေးတိုင်း
မိဘ၊ ဆရာ၊ ကိုယ်ကျင့် အရှက်တရားကို
ခဏတာ မေ့ဆေးထိုးလိုက်
ဟေ့ ငါ့နှလုံးသား အ၀င်ဝမှာ
ပျစ်ပျစ်ချွဲချွဲအပြုံးနဲ့ လာရပ်မနေနဲ့
ငါ့ ရွံတတ်တယ် မိန်းကလေး ။

No comments:

Post a Comment