ရှာချင်ရာအမြန်ရှာဖို့

Thursday, August 30, 2012

အားလုံး ... အားလုံးကို

အဖြူရောင် ညီမလေးရေ  . . .
အတိတ်စာမျက်နှာတွေကို
ပြန်ခစားဖို့အတွက်
ခေါင်းအုံးအောက်က ဒိုင်ယာရီထဲမှာ
အကို့ ရင်ထဲက ထွက်ကျလာတဲ့ စာသားတွေကို
အကြိမ်ကြိမ်ဖတ်တယ်
နောက်မဖတ်ဖူးတွေးရင်း ဆက်ဖတ်တယ်
ပဉ္စလတ်ဆန်တဲ့ ငါတို့ ချစ်ခြင်းတရားမှာ
ပဟေဠိ ပုဒ်စာတွေနဲ့ပ
သိပ်ချစ်တယ် ညီမလေးရယ်
ငါတို့ရဲ့ တွေဆုံခွင့် နောက်တစ်နေ့
ဘယ်မှာမှန်းမသိတဲ့ နောက်တစ်နေ့
နောက်ထက်ပေါ်လာမဲ့ အခက်အခဲ
အိပ်လို့ မပျော်တိုင်း ထထကြည့်မိတဲ့
ခေါင်းအုံးအောက်က ဒိုင်ယာရီ
သိပ်ချစ်တယ် ညီမလေးရယ်
တွေ့ဆုံခြင်းရဲ့ အစဟာ
ခွဲခွါခြင်းတွေ မဖြစ်ချင်ဘူး
ဘာပဲဖြစ်ဖြစ်ပေါ့
နားလည်မှုအရင်းတည်
သံယောဇဉ်ကြိုးခိုင်မြဲလို့
ညီမလေးကို ချစ်တဲ့ စိတ်နဲ့
အားလုံးကို ခွင့်လွတ်တတ်ခဲ့ပြီ
အားလုံးကို အရှုံးပေးတတ်ခဲ့ပြီ
အားလုံးကို နားလည်တတ်ခဲ့ပြီ
အားလုံး အားလုံးကိုပေါ့ . . ။

Sunday, August 26, 2012

အဖြူရောင်လေးပါကွာ . . .

အဖြူရောင် လေးရေ . . .
မိုးစက်တွေနဲ့ အတူရောက်လာပြီး
လေပြေလေးတွေလို ထွက်ပြေးသွားတဲ့ မင်းကို
ဘယ်လိုဖွဲ့နွဲ့မှုတွေနဲ့
ငါရုံသွင်းရမှာလဲ
မင်းတို့ဘ၀လေးတွေ စိုပြေဖို့
ငါဆုတောင်းပေးခဲ့ပါတယ်
ခွဲခွါကာ နှုတ်ဆက်သွားတဲ့ ငါ့ကို
မင်းတစက္ကန့်မျှ
သတိရပေးမယ်ဆိုရင်
ငါကျေနပ်ရမှာပေါ့
အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
နောက်လှည့်ပြီး တမ်းတမငေးနဲ့
ရှေ့ဆက်လူဖြစ်ရအုံးမယ့်
မင်းရဲ့ အနာဂတ်များစွာအတွက်
မင်းခြေလှမ်းတွေ အသင့်ဖြစ်နေပါစေ
ခဏတာ တွေဆုံမှုအတွက်
တစ်ဘ၀သာ အပြစ်တွေဖြစ်ခဲ့ရင်
တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်း
ငါ့နှုတ်ဖျားက ထွက်ကျခဲ့ရင်
မင်းကျေနပ်ပေးပေါ့ နော် ။ ။

အရှုံးများရဲ့ သက်သေ


ဘ၀ရဲ့ ခါးသီးဆုံးနေ့ရက်တွေထဲမှာ
ပျားရည်တစ်စက်ရဲ့ ချိုမြိန်မှုကို
ငါမတွေ့ရှိသေးခင်
ပန်းတစ်ပွင့်ရဲ့ ပေးဆပ်မှုမျိုးနဲ့
ငါအရာအားလုံးကို မင်းနဲ့ ပတ်သတ်ပြီး
အရှုံးပေးထားပါတယ်
အနိုင်လိုချင်တဲ့ မင်းအတွက်တော့
ပျော်စရာကောင်းတဲ့ နေ့ရက်တွေ ဖြစ်ခဲ့သလို
အရှုံးပေးလိုက်ရတဲ့ ငါ့အတွက်တော့
သူငယ်ချင်းတွေရဲ့ အပြစ်တင်သံကြား
ငါ့မျတ်ရည်တွေ မြေခခဲ့တာ
ဇော်ဂျီ မြစ်ကြီး သက်သေရှိခဲ့တယ်
သရက်ပင်အိုကြီး သက်သေရှိခဲ့သလို
စိမ်းလဲ့လဲ့ လယ်ကွင်းပြင်တွေလည်း သက်သေရှိခဲ့တယ်။
အနိုင်ယူချင်သူ ညီမလေးရေ . . .
အချစ်ကြီးခဲ့တဲ့ ငါ့အတွက်တော့
မင်းအပေါ်မှာ ငါအမြတ်မကြီးခဲ့ပါဘူး
မင်းပျော်ဖို့အတွက်ဆို
မျတ်ရည်တွေကြားက ပြုံးပြဖို့
ငါဝန်လေးနေမှာ မဟုတ်ဘူး
ငါလျှောက်ခဲ့တဲ့ လမ်းဟာ
မှားမှန်းမသိသလို မှန်မှန်းလဲ ငါမသိခဲ့ဘူး
မင်းအတွက်ဆို
အရာရာကို လျစ်လျှူရှု့ ဥပေက္ခာပြုခဲ့တဲ့ ငါ့အတွက်
နတ်ဆိုးတစ်ကောင်ရဲ့ တော်လှဲသံတွေကြား
ငါ့မြှားနတ်မောင်လေး ကြရှုံးသွားခဲ့ရင်
မာနတရားတွေကြားက မင်းလေးသည်တော်တွေအောက်
ငါဒူးထောက် ခ၀ါချဖို့
အဆင်သင့်ရှိနေခဲ့တယ်ဆိုရင်
မင်းကျေနပ်ပေးသင့်တာပေါ့
ဘာပဲဖြစ်ဖြစ်ပေါ့
ရလာဒ်မတူတဲ့ ပုဒ်စာတစ်ခုကို
ဘယ်လို ဒေတာတွေနဲ့မှ
အရောင်းအ၀ယ် လုပ်မှာမဟုတ်ဘူးလေ။
ငါအဝေးကနေ ဆုတောင်းပေးပါတယ်
(မှတ်ချက် - ကဗျာ အဆုံးမသက်ရသေးပါ ) မျှော် . . . 

Friday, August 24, 2012

မော်ဒန်သင်ပုန်းကြီး

က- ကလုန်း အကြောက်ဆုံး
ခ- ခလုတ်တိုက် သတိငိုက်
ဂ- ဂဏန်း စွေကန်းကန်း
င- ငထွေးရူး ထန်းရည်မူး
စ- စပုရိန် လိန်တိန်တိန်
ဆ- ဆလံ ပြရပြန်
ဇ- ဇလုံကြီး အ၀တီး
ည- ညကမှောင်မှောင် ခွေးတွေဟောင်
တ- တယောအို အသံချို
ထ- ထမီ ရှားလေပြီ
ဓ- ဓနုပြည် အလွန်စည်
န- နနွင်းရောင် ၀ါကြောင်ကြောင်
ပ- ပလုံ ပိုက်ဆံကုန်
ဖ- ဖရိန်စောင်း ကြည့်မကောင်း
ဗ- ဗလီတတ်သံ အလွန်ညံ
ဘ- ဘရာစီယာ ဆိုဒ်စုံလာ
မ- မမုန်းနဲ့အုံး အချစ်ဆုံး
ယ-ယမင်း လှပခြင်း
ရ- ရလေလိုလေ အိုတစ္ဆေ
လ- လမင်းပုံရိပ် အေးချမ်းနိမိတ်
ဝ- ၀တုတ်ကြီး အဲလက်(ပ်) ညဉ်း
သ- သဇင် ပန်းတော်ဝင်
ဟ- ဟတဲ့နေရာ ပြန်စေ့ပါ
အ- အမွေရ ပျော်သဟ 

Monday, August 20, 2012

ငါမှားခဲ့လား

အဖြူရောင် သံစဉ်တွေနဲ့အတူ ရစ်ဖွဲ့ထားတဲ့
ငါ့နှလုံးသားထဲမှာ
တားစီးမရတဲ့ ရင်ခုန်သံတွေနဲ့
ငါ့ကဗျာကာရန်တွေကလွဲရင်
ငါဟာ ချောကလပ်မလေးအပေါ်မှာ ရိုးသားခဲ့ပါတယ် ။
သူငယ်ချင်းတွေ မှတ်ချက်ပေးတိုင်း
နောက်ပြောင်သံတွေ ကြားတိုင်း
ငါ့ရဲ့အတ္တဆန်ဆန် နှလုံးသားတစ်စုံကို
ဥပေက္ခာတေးသွားတွေ ဖန်တီးရင်း
ဥပေက္ခာ နက္ခတ်တွေနဲ့ တုန့်ပြန်ပေးလိုက်တယ် ။
ထားပါတော့လေ . . .
လမ်းခွဲကြစို့ ဆိုတဲ့ (16.8.2012) 8း26 မနက်က ဒဏ်ရာ
အကင်းမသေသေးတဲ့ အဲဒီဒဏ်ရာအတွက်
နာကျင်မှုတွေနဲ့အတူ (ခုချိန်အထိ) နာကြင်နေပေမယ့်
ချောကလပ်မလေးဘက်က ရှေ့နေလိုက်နေမိတယ်
ငါမှားလား . . ? . . . ငါမမှားခဲ့ပါဘူး
အတ္တဆန်ဆန် ငါမှန်ခဲ့တယ်လေ
ဒါပေမယ့် . . .
ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာကိုတော့ ငါမုန်းတယ်
ချောကလပ်မလေးကို
ချစ်တတ်ခြင်း နက္ခတ်တစ်ခုနဲ့
အတူတကွ မွေးဖွားပေးခဲ့ပေမယ့်
ငါ့အတွက်တော့
သူရဲ့ ဥပေက္ခာနက္ခတ်တွေနဲ့အတူ
သူရဲ့ တုန့်ပြန်မှုက
ငါ့ရင်ဘက်ထဲကို စိုက်ဝင်လာတဲ့
မာနတ်တစ်စင်းဖြစ်ခဲ့တယ်
ငါသူ့ကို မမုန်းခဲ့ပါဘူး
အဝေးကွင်းကနေ ချစ်နေဆဲပါ
ဒါပေမယ့်
ငါ့နှလုံးသားတစ်စုံဟာ
ချောကလပ်မလေးရဲ့ အိမ်ကွင်းမှာ
သူ့ရဲ့သံယောဇဉ်ဂိုးနဲ့တင်
ကျရှုံးခဲ့တာကိုပဲ ငါရင်နာတယ် . . .
မာနတွေကင်းတဲ့ ငါအတွက်
ရင်ထဲက ဒဏ်ရာ ခုချိန်ထိ သွေးမတိတ်ခဲ့ဘူး
နှုတ်မဆက်ပဲ ကျောခိုင်းထွက်ခဲ့ပေမယ့်
လှမ်းခေါ်လေမလားဟု
နားစွန့်မိတာ ဒီနေ့အထိပါ
ဒဏ်ရာတွေ ပြေပျောက်ဖို့အတွက်
ချောကလပ်မလေးနဲ့ ဝေးရာ
ငါထွက်သွားချင်ပေမယ့်
ငါ့ရဲ့ ခြေလှမ်းတွေ ရှေ့မရောက်ခဲ့ဘူး
ငါ . . ၀န်ခံပါရစေ
ငါမင်းကို မခွဲနိုင်ဘူး
ဒါကြောင့် . . . အခုချိန်အထိ
ငါ့ရဲ့   အပြာရောင် ဒိုင်ယာရီကို
အရောင်ရင့်ရင့်ခြယ်လို့
ချောကလပ်မလေး အကြောင်း
ထပ်ကာထပ်ကာ
ရေးနေအုံးမှာပါ
လိမ်းခြယ်နေအုံး မှာပါကွာ ။ ။

Tuesday, August 14, 2012

ချောကလပ်မလေး အတွက်ပါ

အလှမ်းဝေးတဲ့ နေ့ရက်များ
သူငယ်ချင်းများနေ့ ကဗျာရေး
ဒီဇင်ဘာ (၁၄)
မဖြစ်ချင်ပါ ။
မနွေးထွေးတဲ့ နေ့ရက်များ
ချစ်သူများနေ့ ချောကလပ်ပေး
ဖေဖော်ဝါရီ (၁၄)
မဖြစ်ချင်ပါ ။
ဝမ်းနည်းခြင်း ပူဆွေးခြင်းတွေနဲ့ အဆုံးသက်
ခွဲခွါခြင်းရဲ့ မှတ်တိုင်ကြား
အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ကဗျာရေး
ဖေဖော်ဝါရီ ( ၁၅) မဖြစ်ချင်ပါ။
သူငယ်ချင်းများနဲ့ ဝေးကွာ
ချစ်သူအနားမှာ မရှိတဲ့
ပင့်သက်ရှည် နေ့ရက်တွေလည်း
မဖြစ်ချင်ပါ ။
အားလုံးကို ငါအရှုံးပေးထားပါတယ်
ပျော်ရွှင်မှုတွေနဲ့ အတူပေါ့
သူငယ်ချင်းများ အတွက်
ချစ်သူ အတွက်
နောက်ဆုံး . . .
ငါဟာ ချောကလပ်မလေးအတွက်
အားလုံး အားလုံးအတွက်
နေ့တစ်နေ့လေး ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
ရက်ရာဇာပဲ ဖြစ်ချင်တယ် ။

Wednesday, August 8, 2012

တရေးနိုးကဗျာ

တွန့်ကြေနေတဲ့ အိပ်ရာကို ဆွဲဖြန့်မိတော့
မသိုးမသန့် အိပ်မက်တွေကို တွေ့ရ
ကဗျာကလွဲပြီး အားလုံးကို ချထားခဲ့မယ်
ဘ၀ကို အဲဒီလို ရွေးသဲ့ကောက်ယူခဲ့ရာ
တစ်နေ့ထက်တနေ့  ပိုပို သဲလာတဲ့ မိုးပေါက်များ
တစ်နေ့ထက်တနေ့ ပိုပို မည်းလာတဲ့  စိတ်အထည်များ
တစ်နေ့ထက်တနေ့ ပိုပို ရဲလာတဲ့ အနာတရများ
တစ်နေ့ထက်တနေ့ ပိုပို ပြဲလာတဲ့ အဖားအထေးများ
တစ်နေ့ထက်တနေ့ ပိုပိုကျဲလာတဲ့ ဆက်ဆံရေးများ
သိတယ်မလားတွေနဲ့ လိုရာမရောက်ပစ်လိုက်
ညရှုခင်းကို ကြယ်တွေဆီက ဝယ်မိတယ်။

ညီမလေးရီတာကတော့ ရယ်နေမှာ

ကိစ္စအထွေအထူးမှမရှိတာ .. ကြယ်တွေကိုငေးနေပေါ့ ညီမလေးရီတာကပြောတယ်
တယ်လီဖုန်းအဆက်အသွယ် အဖြတ်အတောက် အပိတ်အဆို့
မိုဘိုင်းလ်စာပို့စနစ်ဟာ ရူးနေပြီ ကိုယ်ဒီနေ့မပျော်ဘူး ညီမလေးရီတာ
ပို့လိုက်တယ် ကိုယ့်ဆီပြန်ရောက်လာတယ် ပေါ့ပေါ့ပါးပါးပဲ
ညီမလေးရီတာ ရယ်နေမှာ ကိုယ့်ကြေကွဲမှုဟာပင့်ကူမျှင်တွေလို လွယ်လွယ်ကူကူ ပြတ်ကျသွားမှာ
ထပျံသွားတဲ့ ခိုအုပ်ထဲ .. ကိုယ်ကအလန့်တကြား လိမ္မော်ရောင်
Chat Box ထဲက ထွက်ကျလာတဲ့ အထီးကျန်ပိုးမွှားတွေ ကိုယ့်လက်ဖျံရိုးထဲ တရွရွှ
ကိုယ်က ကိုယ့်လက်မောင်းသွေးကိုယ် ပြန်ဖောက်ထုတ်ပြီး တဆစ်ဆစ်နာကျင်နေတဲ့ လိမ္မော်ရောင်အစိုင်အခဲ
အထီးကျန်အစိုင်အခဲဟာ ဝတ်ကျေတန်းကျေစနေနေ့ထဲမှာ
ကိုယ် စိတ်ပျက်လက်ပျက်အိပ်နေလိုက်တယ် ကိုယ် ဘာမှမမြင်ရဘဲလျှောက်သွားနေတယ်
ဟာသပဲ သိပ်ရယ်ရမှာပဲ ကိုယ်သိပါတယ် ညီမလေးရီတာကတော့ ရယ်နေမှာ ပေါ့ပေါ့ပါးပါး ကြုံရင်ပြောတာပေါ့
ကိုယ် တိတ်ဆိတ်သွားတယ် ညီမလေးရီတာဟာ မျက်လှည့်ဆရာပဲ
နေအပူကိုအမှောင်ချတယ် ပတ်ဝန်းကျင်ကိုအမှောင်ချတယ် ကိုယ်တွေးနေတာကိုအမှောင်ချတယ်
သူ့ကိုယ်သူလည်း အမှောင်ချတယ် ပြီးတော့ … စနေနေ့တစ်နေ့လုံးကို ဖျောက်ပစ်လိုက်တယ်
ညီမလေးရီတာ ကိုယ့်ကိုပြုံးပြလိုက်သလား ကိုယ်ခေါင်းငုံ့ချလိုက်သလား အရောင်တွေက ကိုယ့်ကိုလှောင်ပြီးကြည့်နေကြသလား
ကိုယ့်ရှေ့ကနေပျောက်ကွယ်သွားပြီလား ကိုယ်ဟာစိတ်ဦးတည့်ရာ
မရယ်ပါနဲ့ ညီမလေးရီတာ ကိုယ်သွားမှာပါ ကိုယ်ဝမ်းနည်းနေလို့ပါ
ညီမလေးရီတာ ကိုယ့်နောက်ကျောမှာရှိနေတယ် ကိုယ်ပြန်ခဲ့တယ်
ရယ်သံတွေရယ် ကိုယ်ရယ် ညီမလေးရီတာရယ် ခရီးကတစ်လမ်းတည်း
ကိုယ်ပြောပြနေကျရယ်စရာတွေနဲ့ ကိုယ့်ကိုတစ်တန်းထဲထားပြီး ညီမလေးရီတာရယ်နေမှာ
ကိစ္စအထွေအထူးမရှိပါဘူး လမ်းကြုံလို့တွေ့တာ ညီမလေးရီတာကတော့
ပေါ့ပေါ့ပါးပါးရယ်နေမှာ …. ခရီးသွားဟန်လွှဲ ။ ။