ရှာချင်ရာအမြန်ရှာဖို့

Tuesday, August 14, 2012

ချောကလပ်မလေး အတွက်ပါ

အလှမ်းဝေးတဲ့ နေ့ရက်များ
သူငယ်ချင်းများနေ့ ကဗျာရေး
ဒီဇင်ဘာ (၁၄)
မဖြစ်ချင်ပါ ။
မနွေးထွေးတဲ့ နေ့ရက်များ
ချစ်သူများနေ့ ချောကလပ်ပေး
ဖေဖော်ဝါရီ (၁၄)
မဖြစ်ချင်ပါ ။
ဝမ်းနည်းခြင်း ပူဆွေးခြင်းတွေနဲ့ အဆုံးသက်
ခွဲခွါခြင်းရဲ့ မှတ်တိုင်ကြား
အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ကဗျာရေး
ဖေဖော်ဝါရီ ( ၁၅) မဖြစ်ချင်ပါ။
သူငယ်ချင်းများနဲ့ ဝေးကွာ
ချစ်သူအနားမှာ မရှိတဲ့
ပင့်သက်ရှည် နေ့ရက်တွေလည်း
မဖြစ်ချင်ပါ ။
အားလုံးကို ငါအရှုံးပေးထားပါတယ်
ပျော်ရွှင်မှုတွေနဲ့ အတူပေါ့
သူငယ်ချင်းများ အတွက်
ချစ်သူ အတွက်
နောက်ဆုံး . . .
ငါဟာ ချောကလပ်မလေးအတွက်
အားလုံး အားလုံးအတွက်
နေ့တစ်နေ့လေး ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
ရက်ရာဇာပဲ ဖြစ်ချင်တယ် ။

No comments:

Post a Comment