ရှာချင်ရာအမြန်ရှာဖို့

Monday, August 20, 2012

ငါမှားခဲ့လား

အဖြူရောင် သံစဉ်တွေနဲ့အတူ ရစ်ဖွဲ့ထားတဲ့
ငါ့နှလုံးသားထဲမှာ
တားစီးမရတဲ့ ရင်ခုန်သံတွေနဲ့
ငါ့ကဗျာကာရန်တွေကလွဲရင်
ငါဟာ ချောကလပ်မလေးအပေါ်မှာ ရိုးသားခဲ့ပါတယ် ။
သူငယ်ချင်းတွေ မှတ်ချက်ပေးတိုင်း
နောက်ပြောင်သံတွေ ကြားတိုင်း
ငါ့ရဲ့အတ္တဆန်ဆန် နှလုံးသားတစ်စုံကို
ဥပေက္ခာတေးသွားတွေ ဖန်တီးရင်း
ဥပေက္ခာ နက္ခတ်တွေနဲ့ တုန့်ပြန်ပေးလိုက်တယ် ။
ထားပါတော့လေ . . .
လမ်းခွဲကြစို့ ဆိုတဲ့ (16.8.2012) 8း26 မနက်က ဒဏ်ရာ
အကင်းမသေသေးတဲ့ အဲဒီဒဏ်ရာအတွက်
နာကျင်မှုတွေနဲ့အတူ (ခုချိန်အထိ) နာကြင်နေပေမယ့်
ချောကလပ်မလေးဘက်က ရှေ့နေလိုက်နေမိတယ်
ငါမှားလား . . ? . . . ငါမမှားခဲ့ပါဘူး
အတ္တဆန်ဆန် ငါမှန်ခဲ့တယ်လေ
ဒါပေမယ့် . . .
ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာကိုတော့ ငါမုန်းတယ်
ချောကလပ်မလေးကို
ချစ်တတ်ခြင်း နက္ခတ်တစ်ခုနဲ့
အတူတကွ မွေးဖွားပေးခဲ့ပေမယ့်
ငါ့အတွက်တော့
သူရဲ့ ဥပေက္ခာနက္ခတ်တွေနဲ့အတူ
သူရဲ့ တုန့်ပြန်မှုက
ငါ့ရင်ဘက်ထဲကို စိုက်ဝင်လာတဲ့
မာနတ်တစ်စင်းဖြစ်ခဲ့တယ်
ငါသူ့ကို မမုန်းခဲ့ပါဘူး
အဝေးကွင်းကနေ ချစ်နေဆဲပါ
ဒါပေမယ့်
ငါ့နှလုံးသားတစ်စုံဟာ
ချောကလပ်မလေးရဲ့ အိမ်ကွင်းမှာ
သူ့ရဲ့သံယောဇဉ်ဂိုးနဲ့တင်
ကျရှုံးခဲ့တာကိုပဲ ငါရင်နာတယ် . . .
မာနတွေကင်းတဲ့ ငါအတွက်
ရင်ထဲက ဒဏ်ရာ ခုချိန်ထိ သွေးမတိတ်ခဲ့ဘူး
နှုတ်မဆက်ပဲ ကျောခိုင်းထွက်ခဲ့ပေမယ့်
လှမ်းခေါ်လေမလားဟု
နားစွန့်မိတာ ဒီနေ့အထိပါ
ဒဏ်ရာတွေ ပြေပျောက်ဖို့အတွက်
ချောကလပ်မလေးနဲ့ ဝေးရာ
ငါထွက်သွားချင်ပေမယ့်
ငါ့ရဲ့ ခြေလှမ်းတွေ ရှေ့မရောက်ခဲ့ဘူး
ငါ . . ၀န်ခံပါရစေ
ငါမင်းကို မခွဲနိုင်ဘူး
ဒါကြောင့် . . . အခုချိန်အထိ
ငါ့ရဲ့   အပြာရောင် ဒိုင်ယာရီကို
အရောင်ရင့်ရင့်ခြယ်လို့
ချောကလပ်မလေး အကြောင်း
ထပ်ကာထပ်ကာ
ရေးနေအုံးမှာပါ
လိမ်းခြယ်နေအုံး မှာပါကွာ ။ ။

No comments:

Post a Comment