ရှာချင်ရာအမြန်ရှာဖို့

Thursday, August 30, 2012

အားလုံး ... အားလုံးကို

အဖြူရောင် ညီမလေးရေ  . . .
အတိတ်စာမျက်နှာတွေကို
ပြန်ခစားဖို့အတွက်
ခေါင်းအုံးအောက်က ဒိုင်ယာရီထဲမှာ
အကို့ ရင်ထဲက ထွက်ကျလာတဲ့ စာသားတွေကို
အကြိမ်ကြိမ်ဖတ်တယ်
နောက်မဖတ်ဖူးတွေးရင်း ဆက်ဖတ်တယ်
ပဉ္စလတ်ဆန်တဲ့ ငါတို့ ချစ်ခြင်းတရားမှာ
ပဟေဠိ ပုဒ်စာတွေနဲ့ပ
သိပ်ချစ်တယ် ညီမလေးရယ်
ငါတို့ရဲ့ တွေဆုံခွင့် နောက်တစ်နေ့
ဘယ်မှာမှန်းမသိတဲ့ နောက်တစ်နေ့
နောက်ထက်ပေါ်လာမဲ့ အခက်အခဲ
အိပ်လို့ မပျော်တိုင်း ထထကြည့်မိတဲ့
ခေါင်းအုံးအောက်က ဒိုင်ယာရီ
သိပ်ချစ်တယ် ညီမလေးရယ်
တွေ့ဆုံခြင်းရဲ့ အစဟာ
ခွဲခွါခြင်းတွေ မဖြစ်ချင်ဘူး
ဘာပဲဖြစ်ဖြစ်ပေါ့
နားလည်မှုအရင်းတည်
သံယောဇဉ်ကြိုးခိုင်မြဲလို့
ညီမလေးကို ချစ်တဲ့ စိတ်နဲ့
အားလုံးကို ခွင့်လွတ်တတ်ခဲ့ပြီ
အားလုံးကို အရှုံးပေးတတ်ခဲ့ပြီ
အားလုံးကို နားလည်တတ်ခဲ့ပြီ
အားလုံး အားလုံးကိုပေါ့ . . ။

No comments:

Post a Comment