ရှာချင်ရာအမြန်ရှာဖို့

Wednesday, August 8, 2012

တရေးနိုးကဗျာ

တွန့်ကြေနေတဲ့ အိပ်ရာကို ဆွဲဖြန့်မိတော့
မသိုးမသန့် အိပ်မက်တွေကို တွေ့ရ
ကဗျာကလွဲပြီး အားလုံးကို ချထားခဲ့မယ်
ဘ၀ကို အဲဒီလို ရွေးသဲ့ကောက်ယူခဲ့ရာ
တစ်နေ့ထက်တနေ့  ပိုပို သဲလာတဲ့ မိုးပေါက်များ
တစ်နေ့ထက်တနေ့ ပိုပို မည်းလာတဲ့  စိတ်အထည်များ
တစ်နေ့ထက်တနေ့ ပိုပို ရဲလာတဲ့ အနာတရများ
တစ်နေ့ထက်တနေ့ ပိုပို ပြဲလာတဲ့ အဖားအထေးများ
တစ်နေ့ထက်တနေ့ ပိုပိုကျဲလာတဲ့ ဆက်ဆံရေးများ
သိတယ်မလားတွေနဲ့ လိုရာမရောက်ပစ်လိုက်
ညရှုခင်းကို ကြယ်တွေဆီက ဝယ်မိတယ်။

No comments:

Post a Comment