ရှာချင်ရာအမြန်ရှာဖို့

Friday, August 24, 2012

မော်ဒန်သင်ပုန်းကြီး

က- ကလုန်း အကြောက်ဆုံး
ခ- ခလုတ်တိုက် သတိငိုက်
ဂ- ဂဏန်း စွေကန်းကန်း
င- ငထွေးရူး ထန်းရည်မူး
စ- စပုရိန် လိန်တိန်တိန်
ဆ- ဆလံ ပြရပြန်
ဇ- ဇလုံကြီး အ၀တီး
ည- ညကမှောင်မှောင် ခွေးတွေဟောင်
တ- တယောအို အသံချို
ထ- ထမီ ရှားလေပြီ
ဓ- ဓနုပြည် အလွန်စည်
န- နနွင်းရောင် ၀ါကြောင်ကြောင်
ပ- ပလုံ ပိုက်ဆံကုန်
ဖ- ဖရိန်စောင်း ကြည့်မကောင်း
ဗ- ဗလီတတ်သံ အလွန်ညံ
ဘ- ဘရာစီယာ ဆိုဒ်စုံလာ
မ- မမုန်းနဲ့အုံး အချစ်ဆုံး
ယ-ယမင်း လှပခြင်း
ရ- ရလေလိုလေ အိုတစ္ဆေ
လ- လမင်းပုံရိပ် အေးချမ်းနိမိတ်
ဝ- ၀တုတ်ကြီး အဲလက်(ပ်) ညဉ်း
သ- သဇင် ပန်းတော်ဝင်
ဟ- ဟတဲ့နေရာ ပြန်စေ့ပါ
အ- အမွေရ ပျော်သဟ 

No comments:

Post a Comment