ရှာချင်ရာအမြန်ရှာဖို့

Tuesday, September 4, 2012

တစ်ခါတစ်လေမှာ

တစ်ခါတစ်လေမှာ
ငါ့အလိုကျတာတွေ
ငါ့နှလုံးသားကို
ပြုစားလာတဲ့အခါ
နံရံတွေနဲ့ သနားစရာကောင်းတဲ့
ငါ့ရဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံးလေးဟာ
ငါ့ရဲ့ စကားပြောဖော်ဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
ငါ့အလိုမကျတာတွေ
အပ်ကြောင်းထင်ဟပ်လာတဲ့အခါ
နံရံတွေနဲ့ သနားစရာကောင်းတဲ့
ငါ့ရဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံးလေးဟာ
ငါ့ရဲ့ ရန်သူဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
ငါ့ရဲ့
အလိုကျခြင်း အလိုမကျခြင်းတွေ
စုပြုံဝင်ရောက်လာတဲ့ အခါ
ငါ့ရဲ့ အိပ်ယာခင်း ခေါင်းအုံးလေးနဲ့
နံရံတွေဟာ
ငါ့ရဲ့ . . .
သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ခဲ့တယ် ။
တစ်ခါတစ်လေမှာ
အလိုကျတာတွေ အလိုမကျတာတွေ
များပြားလာတဲ့အခါ
ငါဟာ . . . ငါဟာ . . .
တစ်ကောင်ကြွက် မင်းခန့်သူ ဖြစ်သွားခဲ့တယ် ။
တစ်ကောင်ကြွက် မင်းခန့်သူ ဖြစ်သွားခဲ့တယ် ။

No comments:

Post a Comment