ရှာချင်ရာအမြန်ရှာဖို့

Tuesday, September 4, 2012

ဒီမှာဒီမှာ

ထက်မြတ်တဲ့ အတွေးအခေါ်တွေနဲ့
ထက်တန်းဆန်ဆန်မနေရပေမယ့်
ဝေးကွာခြင်းဆိုတဲ့ မှတ်တိုင်ကြားမှာ
ရေရေရာရာပါပဲ
ဘ၀ကို လျှောက်လှမ်းနေတာပါ
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေဆိုတာထက်
ဆိုက်ရောက်လာမဲ့ ကံတရားကိုပဲ ယုံကြည်လိုပါ
တာယာမင်းဝေရဲ့ စာအုပ်ထဲကလို
ကံကံရဲ့ အကျိုးကို ယုံကြည်ရမယ်လေ
စေစားရာ ကံကြမ္မာကို လွန်ဆန်လို့
ရာအားလုံးကို ငါပိုင်တယ်ဆိုပြီး
ကပ်ရောက်လာတဲ့ လူတိုင်းကို
နေရာပေးနေမှာလား
ရယ်ရယ်မောမော ငါနေတတ်ပေမယ့်
တာဝေးပြေးမဲ့ လူတစ်ယောက် မင်းမဖြစ်နိုင်ဘူး
ပါယ်ခံဘ၀နဲ့ ငါစံနေရပေမယ့်
ဗျာများနေတဲ့ လူတစ်ယောက် ငါမဟုတ်ခဲ့ဘူးလေ
ဒါကြောင့်  . .
ကြောင့်ကြမဲ့ စိုက်နေတဲ့ မင်းစိတ်တွေကို
ဘယ်လို ပန်းတိုင်မှာ အဆုံးသတ်မှာလဲ
နဲ့(နည်းနည်း)တော့ မင်းပင်ပန်းမယ်နော်
ဝမ်းသာခြင်း ၀မ်းနည်းခြင်းတွေနဲ့ပဲ နေရဖို့
ကိုယ်ဘ၀ကို ကိုယ်သိပါစေ
ပဲ့ကိုင်တတ်ပါစေ
ကိုင်တွယ် ဖြေရှင်းရတာတွေကို
နိုင်ရလိုမှု စိတ်မျိုးနဲ့တော့ မလုပ်ပါနဲ့
အောင်မြင်ခြင်းဟာ တဖတ်သတ်မဆန်ဘူးလေ
နိုင်ရလိုမှုကို ရှေ့တန်းတင်ရင်တော့
ရင်ဆိုင်ရမဲ့ ကံတရားကိုလည်း မျတ်ကွယ်ပြုလို့မရဘူး
ကြိုးစားထားသမျှတွေဟာ
စားသောက်စရာတစ်ခုကို အလွယ်တကူ မကုန်ပါစေနဲ့လို့
ပါလာတဲ့ ဗီဇနဲ့ပဲ ဆုတောင်းပေးလိုက်ပါတယ်ကွာ ။ ။

No comments:

Post a Comment