ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ထိမ်မြားခြင်း(၁၀)မျိုး


၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း
သတိုးသားသတိုးသမီး နှစ်ဦးတို့သည် ပရိတ်သတ်အလယ်သို့မထွက်ဘဲ မိမိတို့အိမ်မှာသာ လွတ်လပ်စွာနေကြပြီး
ပရိတ်သတ်များ စားသောက်ပြီး၍ ပြန်သွားသောအခါမှ သတို့သမီး၏ အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ သတိုးသား ပုဆိုး
တင်ခြင်းကိုခေါ်သည် ။

၂။ လက်ဆုံထမင်းစား ထိမ်းမြားခြင်း
သတို့သား၊ သတို့သမီးတို့သည် ထမင်း (သို့မဟုတ်) မုန့်ပဲသွားရည်စာများကို လူကြီး မိဘများရှေ့မောက်၌
လက်ဆုံစားခြင်းဖြစ်သည်။

၃။ လက်စွပ်လဲလှယ်၍ ထိမ်းမြားခြင်း
သတို့သားဝတ်ဆင်သော လက်စွပ်ကို သတို့သမီးသို့ပေးပြီး ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ဆင်သော လက်စွပ်ကို
သတို့သားသို့ပေးပြီး ၀တ်ဆင်စေခြင်းကိုမည်၏။

၎။ အ၀တ်ပေး၍ ထိမ်းမြားခြင်း
သတိုးသားက သတိုးသမီးအိမ်သို့သွားသည့်အခါ သတိုးသမီး၏ ဆွေမျိုးများက သတိုးသားအား ရေချိုးစေပြီး အ၀တ်ပုဆိုး
အသစ်ကို လဲလှယ်ပေးခြင်းဖြစ်သည်။

၅။ လက်ထပ်၍ ထိမ်းမြားခြင်း
သတို့သမီး၏ လက်ယာလက်ကိုဖြန့်စေ၍ သတို့သား၏ လက်ယာလက်ကို အပေါ်မှာတင်စေပြီး ဘိသိတ်ဆရာဖြစ်စေ၊
လူကြီးလူကောင်းတစ်ဦးဦးကဖြစ်စေ ပရိတ်သတ်အလည်တွင် ထိမ်းမြားပေးခြင်းသည်။

၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း
သတို့သား သတို့သမီး နှစ်ဦးစလုံး၏ ဦးခေါင်း ဆံ့ဝင်လောက်အောင် စွပ်ရသော ရွှေဆွဲကြိုးကို ပန်းကုံးသဖွယ်ပြုလုပ်၍
သတို့သား သတို့သမီး နှစ်ဦးစလုံးအား တစ်ခါတည်း စွပ်ပေး၍ ထိမ်းမြားခြင်းဖြစ်သည်။

၇။ စုလျားရစ်ပတ် ထိမ်းမြားခြင်း
သတို့သမီး လွှားခြုံထားသော စုလျားတစ်ဘက် (သို့မဟုတ်) ပုဝါကို သတို့သား သတို့သမီး နှစ်ဦးက ရစ်ပတ်၍
ထိမ်းမြားခြင်းဖြစ်သည်။

၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း
သတို့သား သတို့သမီးတို့ ရှေ့ဦးစွာ ပန်းကုံးအား တစ်ဦးနှင့်တစ်ဦး လဲလှယ်၍ စွပ်ပေးခြင်းဖြစ်သည်။

၉။ ရေခွက်၌လက်ဆုံချ၍ ထိမ်းမြားခြင်း
ရေထည့်ထားသော ရေခွက် ၊ ရေဖလားတွင် မင်္ဂလာရှိသော အောင်သပြေ ပန်းများထည့်၍ သတို့သား သတို့သမီးတို့၏
လက်ယာလက်များကို ချထားစေ၍ ထိမ်းမြားခြင်းဖြစ်သည်။

၁၀။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း
ရွှေခွက်၊ ငွေခွက်၊ ဖန်ခွက်၊ စသည်တို့၌ န၀ရက်ကိုးသွယ် နံ့သာမျိုးငါးပါးတို့ကို သွေးထည့်ပြီး သတို့သား သတို့သမီးတို့၏
ဦးခေါင်းထက်မှ သပြေခက်နှင့် ဖျန်းပတ်သွန်းလောင်း၍ ထိမ်းမြားခြင်းဖြစ်သည်။

မှတ်ချက် = ဒီဆောင်းပါးကို စာရေးဆရာ  ဆရာ “ လူနေ´´ ရေးသော “ချစ်သူရွာ´´ စာအုပ်မှ
တဆင့်ကူးယူဖော်ပြပါသည်။

No comments:

Post a Comment