ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

အတ္တ


ဒီဇင်ဘာလရဲ့ တစ်ညမှာပေါ့
ငါဟာ သန်းခေါင်ယံ အချိန်မှာတောင်
လမင်းကို မော့ကြည့်ပြီး ကြည်စင်တွေကိုရေတွက်ရင်း
နှင်းဖွေးဖွေးတွေကြားမှာ
ဆေးလိပ်တိုကို အဖော်ပြုလို့
အနာဂတ်တွေကို ၀ါးမျိုကြည့်နေမိတယ်
အရာရာကို လျစ်လျှူရှု့
ဥပေက္ခာပြုလို့ ရမယ်ဆိုရင်
ကဲလာစမ်း . . . ကံကြမ္မာ . . . ။
အဲဒီအချိန်မှာ အမှောင်ထုက ဆိတ်သုဉ်း
တိမ်တိုက်တွေက လှောင်ရီနေပြန်
လမင်းနဲ့ ကြယ်စင်တွေလည်း ကွယ်ပျောက်
ငါဟာ တစ်ယောက်ထဲပါလား
ဒါပေမယ့် . . . ငါဟာငါပဲ
ငါ့ရဲ့ အတ္တ စစ်စစ် ဖြစ်ခဲ့ရင်တောင်
ဒီအချိန်မှာ . . .
ဖိတ်စာကိုင် ၀င်လာတဲ့ မာန်နတ်ကိုတောင်
လက်ကမ်းပြီး ကြိုနေမှာ ။
ဒီလိုနဲ့ပဲ ငါ့ရဲ့ အတ္တ ကမ္ဘာကျဉ်းကျဉ်းလေးထဲ
ကံကြမ္မာ စုတ်ပျတ်သတ်နေချိန်မှာ
ငါ့နှလုံးသားက အေးခဲ
ခန္ဓာကိုယ်က ပူလောင်လို့
ဒီလိုနဲ့ပဲ . . . မိုးလင်းခဲ့တယ် ။ ။

No comments:

Post a Comment