ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ကံတရား


အလွမ်းမြစ်ရိုးတစ်လျှောက်
စီးမျှောရင်း နစ်မြုတ်နေခဲ့
အချိုဆုံးနေ့ရက်များ
သောကနဲ့ ရင်းနှီးပေါင်းဖက်လို့
ငါ့ နှလုံးသားက စွဲလမ်းခဲ့သမျှ
ဒိုင်ယာရီသာ ဖြစ်ခဲ့ရတယ်
ကံတရားရဲ့ ခေါ်င်သံ
အကြိမ်ကြိမ်ငါကြားရောင်နေလဲ
သက်ပြင်းမောမောသာ အခါခါချ
တတ်ခေါက်နေခဲ့ရတယ်
အတိမ်အနက်ကို အတိုင်းအတာမသိလို့
အိပ်မက်တောင် ဇိမ်နဲ့ မက်ခွင့် မရခဲ့ပါဘူး
ဒီကံတရားရဲ့ ထိုးနှပ်ချက်
သွေးမထွက်ပေမယ့်
နာကျင်လွန်းလှပါတယ်
ဒီလိုနဲ့ပဲ
တစတစနဲ့ . . .
ငါဟာ ကြီးရင့်လာခဲ့ရတယ်

No comments:

Post a Comment