ရှာချင်ရာအမြန်ရှာဖို့

Tuesday, January 3, 2012

သူငယ်ချင်းသို့

နေ့ရော ညပါ
မင်းအကြောင်း ပြောခဲ့ပါတယ်
ကိုယ့်နှလုံး နောက်မှာရော
အောက်မှာပါ မင်းရောက် မလာခဲ့ဘူး
မျက်တောင်ထူထူနဲ့
ငါကောနေတဲ့အလှတွေ
ခြေဖွဖွနင်းပေမယ့်
လူမိသွားတဲ့ ငါ့အကြည့်တွေ
မင်းရှေ့တည့်တည့်ကနေ
ငါဘယ်သွာနေရမလဲ
မင်းရဲ့ခက်မဲ့မဲ့ အပြုံးနဲ့
ငါ့ရဲ့ ညရေးညတာခက်အောင်
ပေါ့ပျက်ပျက် အိမ်မက်တွေ မတိုက်ပါနဲ့
ငါမှာ ဆင်တော်နဲ့ ခလောက်ရယ်
လွမ်းရမလိုလို မလွမ်းရမလိုလို
မကြာခဏ ဆိုသလိုပဲ
ငါ့ရဲ့ ကိုယ်နှုတ်စိတ် သုံးပါးစလုံး
နှလုံးသားကြောင့် ပျောက်ဆုံးသွားတိုင်း
ငါ ဆုံးရှုံးရမှာ အကြောက်ဆုံးအရာက
ငါ့အသက်နဲ့ မင်းပဲရှိတယ်လို့ပြောမိတယ်
မင်းက – - – - - မစနဲ့ကွာ တဲ့ – - – -
မင်းပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို
ငါ ဘယ်ကွင်းမှာ သွားကန်ရမလဲ ။ ။

No comments:

Post a Comment