ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

ငါ့ကိုငဲ့မကြည့်နဲ့(ရိုးသားခြင်းဇုံ)

ဟိုက စောင်းလိုက် ဒီက ဖိတ်စင်လိုက်

မကျေနပ်တာတွေကို ကျေနပ်ပေးလိုက်

ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ရောက်လာတဲ့စိတ်

ဘာတွေကို ဦးတည်နေလည်း

မရှိတာလည်း ရှိမရှိ မသေချာတဲ့ ငါ့ဘဝ

အားပေးဖော် စကားလုံးတွေကို စစ်ထုတ်ရင်း

သံသယတွေနဲ့ လိမ်းကျံခံခဲ့ရတယ်

ငါမှားလား ငါမှန်လား

သေချာမသိ အတိအကျမရှိတဲ့

ဒါက

ငါ့ရဲ့ ကိုယ်ပိုင် သီအိုရီ

သရဲနီကို အားပေးပေမယ့်

သရဲနီက ကောင်းကျိုးမပေးခဲ့တော့

သရေရလာဘ်ပဲ ကျေနပ်ခဲ့ရပေါင်းများပြီ

ဘာပဲဖြစ်ဖြစ်

ခင်မင်မှုရဲ့ အဆုံးမှာ ဖြူစင်မှုတွေ

ဖြူစင်မှုရဲ့အဆုံးမှာ ကြည်လင်မှုတွေ

ထပ်ကာထပ်ကာ ရှိနေအုံးမှာပဲ

သူငယ်ချင်းရေ . . .

အတိတ်.အနာဂတ်.ပစ္စုပ္ပန်ဆိုတာ မရှိခဲ့ရင်

ဒီည ငါအိပ်ရေးပျတ်မှာမဟုတ်ဘူး

မနက်ဖြန် အနာဂတ်များစွာအတွက်

ဒီညရဲ့ နာရီလတ္တံတွေက ရိုးအလွန်းပါတယ်ကွာ

အစကတည်းက

အစဉ်အလာနဲ့ ပါလာတဲ့ ပျတ်သုဉ်းခွင့်ကို

ဘယ်ရေသောက်မြစ်က တွန်းလှန်နိုင်ခဲ့လို့လဲနော်

စိတ်ဓာတ်ကျမနေပါနဲ့

လာ . . . သူငယ်ချင်း

ကျားမဆွဲခင်လေး

တို့တစ်တွေ ရိုးသားကြရအောင်ကွာ ။ ။

No comments:

Post a Comment