ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

နှင်းဆီတေလေ


ငွေဆိုတာ ရှာတတ်ရင်
လွယ်လွယ်လေးတဲ့လား
ပြောပေါ့ကွာ
ဒီကား ဒီဆိုင်ကယ်တွေနောက်
မင်း ဘယ်နှစ်နှစ်များ
အခန့်သား ထိုင်လိုက်သွားနိုင်မှာလဲ
ရုပ်ရှင်မင်းသမီးနာမည်တွေနဲ့
မင်းသူငယ်ချင်းတွေနောက် လိုက်မသွားခင်လေး
နံရံထက်မှာ မင်းကိုယ်တိုင် ချိတ်ထားတဲ့
မင်းအမေရဲ့ ဓာတ်ပုံလေး
အိုစာသွားလိုက်ပုံလေ . . . ။
နှင်းဆီအရောင်က
ပြာနှမ်းနှမ်းကြီးပါကွာ
ငါတို့လမ်းပေါ်မှာ
မင်းနာမည်ကျကွဲသံတွေ
ငါထပ်မကြားချင်တော့ဘူး
ဘ၀တိုတိုလေးမှာ
မင်းယဇ်မူးအနမ်းကလည်း
တိုတိုလေးပဲ ရိုစီရဲ့
စမ်းကြည့်ပေါ့လေ
ကံထမ်းလာတယ်ဆိုတာမျိုးက
မြင်ရတာမှ မဟုတ်တာ
ဒီငရုတ်သီးတွေထဲမှာ
တစ်ထောင့်တစ်လေတော့
မင်းအတွက် ချိုကောင်းချိုနေမှာပါ ။

No comments:

Post a Comment