ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

သင်းကွဲငှက်ရဲ့ ငိုညဉ်းသံ


သူငယ်ချင်းရယ် . . .
မိုးစက်တွေနဲ့အတူရောက်ရှိလာပြီး
မိုးပြေးလေးတွေလို
မင်းထွက်ပြေးသွားခဲ့တာ
အသေအချာ ရေတွက်ကြည့်ရင်
နာရီတွေတောင်
အံသြလောက်ပါရဲ့ . .။
သူငယ်ချင်းရယ် . . .
ပျော်ရွှင်ခြင်းတွေနဲ့အတူ ရယ်စရာလေးတွေ
ဖန်တီးတတ်တဲ့ မင်းကို
လွယ်လွယ်နဲ့ မေ့နိုင်ဖို့ဆိုတာ
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတဲ့ . . .။
သူငယ်ချင်းရယ် . . .
ခဏလေးပါပဲ တကယ်ကို ခဏလေးပါပဲ
ငါ့ဘ၀ထဲကို မင်းရောက်လာတဲ့အချိန်က
အရမ်းကို တိုတောင်းလွန်းလှပါတယ်
ဒါပေမယ့် . . .
မင်းဘက်ကငါ့ကိုလေ
ခဏလေးပဲဖြစ်ဖြစ် သတိရတဲ့အချိန်
ဒါမှမဟုတ်
မင်းဝမ်းနည်းအားငယ်နေချိန်မှာ မင်းပြန်လာရင်
ငါ့ဘက်က
အဖြူရောင်စည်းဝိုင်းထဲမှာ စောင့်နေတယ်ဆိုတာ
မင်းကို သိစေချင်လိုက်တာသူငယ်ချင်းရယ် . . .။

No comments:

Post a Comment