ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

တိတ်တခိုး


ငါ့အတွက်
လုံလောက်သွားခဲ့ပါပြီ
မင်းရဲ့ ကြင်နာမှုပြည့်ဝတဲ့
အကြည့်တစ်ချက်နဲ့တင်
ပြည့်စုံသွားခဲ့ပြီလေ
မင်းအကြည့်တွေထဲမှာ
ရိုးသား ဖြူစင်လွန်းတဲ့
မင်းရဲ့ တိတ်တခိုးအချစ်ကို
ငါတွေလိုက်ရတယ်
ငါ့အတွက် လုံလောက်ခဲ့ပါပြီ
ပွင့်လင်းမှုဆိုတာ ( အချစ်မှာ )
အပိုပစ္စည်းသက်သက်ပါ
နှလုံးသားခြင်းနားလည်မှုနဲ့
မင်းရင်ထဲက စကားလုံးတွေကို
ငါဖတ်တတ်ခဲ့ပြီလေ
ဒီတော့ . . .
ငါတို့ နှစ်ယောက် မဖွင့်ဟပဲ
တိတ်တိတ်ကလေးပဲ
ချစ်ကြရအောင်နော် ။ ။

No comments:

Post a Comment