ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

မနေတတ်လို့ပါ


ဖားတုလို့ ခရုခုန်
အိုင်ပျတ်ယုံပဲ ရှိမှာပေါ့တဲ့
ဖားတုလို့ ခရုခုန်ခဲ့တာ
မဟုတ်ပါဘူး
လင်းလတ်ခွင့် မရမဲအတူတူ
ပိုးစုန်းကြူကို အဖော်ပြုမိတာပါ
နွားခြေရာခွက်ကိုမှ
ပင်လယ်ထင်ခဲ့တာ မဟုတ်ပါဘူး
ဝါးလုံးခေါင်းထဲမှာပဲ
ပျော်နေတတ်သူမို့ပါ
ကြွေစေချင်လို့
ပန်းကို သက်သက် ခြွေခဲ့တာ
မဟုတ်ပါဘူး
ဥယျာဉ်မှုး ဘ၀ကို စာနာတတ်မယ်ဆိုရင်
ငါဟာ ပန်းခြွေလက် သက်သက်ပါ
စားငန်ရေကို သောက်ပြီး
ဘ၀ကို စိတ်နာနေတာ
မဟုတ်ပါဘူး
အိုအေစစ် တစ်စက်အတွက်
ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။

No comments:

Post a Comment