ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

အမှောင်မရှိတဲ့ည


ဒီနေ့ . . .
Black Day
ငါ့အတွေး စက်ဝိုင်းမှာလဲ
ရိုးအီသွားခြင်းမရှိတဲ့
မှုန်ပြပြ အလင်းရောင်ပဲ
ပြောင်လဲမသွားတဲ့
အနာဂါတ်တစ်ရက်
နေ့သစ်ဆိုတာ မရှိခဲ့ဘူး
မိုးလင်းကနေ မိုးချုပ်
ဒီအလုပ်ပဲ ငါထပ်လုပ်နေမိတယ်
ပန်းတိုင်ဟာလည်း
မှုန်ပြပြအလင်းရောင်ပဲ
အရောင်အဆင်းလည်းမရှိဘူး
တစ်ရောင်ထဲ (တစ်ယောက်ထဲ)
ငါဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ
လက်ချိုးရေတွက်
မှုန်ပြပြအလင်းရောင်ပဲ
တဆယ်ရာနှုံးတောင် မပြည့်ခဲ့ဘူး
ငါ့ကိုယ်ငါ ပြန်စမ်းကြည့်တယ်
အေးစက်စက်အထိအတွေ့နဲ့
မှုန်ပြပြအလင်းရောင်ပဲ
ဟုတ်တယ် . . . တကယ်တော့
ငါဟာ မှုန်ပြပြ အလင်းရောင်တစ်စက်ပဲ ။ ။

No comments:

Post a Comment