ရှာချင်ရာအမြန်ရှာဖို့

Tuesday, January 3, 2012

အလဲထိုးခံရခြင်း

ကဗျာမဆန်တဲ့
မီးသွေးရောင် ညစာမျတ်နှာအောက်မှာ
မိုက်မဲမှုတွေကို
တစ်ပတ်ခြင်းသောက်ရင်း
အမြည်းခွက်မဲ့တဲ့ညကို
အတွေးများဖြင်း ထိုးကျွေးခဲ့တယ်
တရားစွဲမရတဲ့
ငါ့လိမ်လည်မှုနောက်က
ရိုးရိုးအအ ငါ့နှလုံးသားလေးကို
မင်းမို့ အပြစ်တင် မောက်မာရက်တယ်
မဖြစ်နိုင်မှန်းသိပေမယ့်
ငါလျှောက်လှမ်းခံပါတယ်
ကမ်းပါးက ငါ့အတွက် မခိုင်ခံခဲ့ဘူး
မိုက်မိုက်မဲမဲပါပဲ
ငါအချစ်တစ်ခုကို စိန်ခေါ်ခဲ့တယ်
ပထမခြေလှမ်းရဲ့ အ၀င်အ၀မှာပဲ
ငါအလဲထိုးခံလိုက်ရတယ်
အရင်လို ပြန်နေသားကျဖို့
နှလုံးသားကို ဒဏ်ရာနွံထဲက
ဆွဲမထုတ်နိုင်သေးဘူး
မှားမှန်းသိရက်နဲ့
ဇွတ်မိုက်နေတဲ့
ငါ့ရဲ့ အနီရောင်စာမျတ်နှာတွေကို
ကျော်လွန်ဖို့အတွက်
Whisky တွေနဲ့ သတေးခံခဲ့ရတယ်
အပြစ်ကင်းစင်တဲ့ ကိုယ်ထဲက
ကလီစာတွေကို
ငါဘယ်လို ဖြေရှင်းချက်ပေးရမလဲ
အနီရောင်ကောင်မလေးရေ
မင်းနှလုံးသားရဲ့
ခဏတာ လိုအပ်မှုအတွက်
ငါ့ရဲ့ပေးဆပ်မှုက ရက်ရောလွန်းတယ်နော် ။ ။

No comments:

Post a Comment