ရှာချင်ရာအမြန်ရှာဖို့

Saturday, January 14, 2012

တောင်းဆိုချက်


အဆုံးသတ် ပန်းချီကား
အနားသက်မလှမှန်း
ကြိုသိနေမှတော့
မနက်ဖြန်တွေကို ဘယ်လို ဖူးပွင့်စေတော့မှာလဲ
ပေါင်းဖော်ဖို့ မဖြစ်နိုင်တော့ချိန်မှာ
ကျောခိုင်းထွက်ဖို့
ဘာကြောင့် မင်းဝန်လေးနေရတာလဲ
ရလာဒ်မတူတဲ့ ပုစ္ဆာတစ်ပုဒ်ကို
ဘယ်လိုဒေတာတွေနဲ့မှ
အရောင်းအ၀ယ်လုပ်မှာမဟုတ်ဘူး
ငါ့ရဲ့ခင်မင်မှုနောက်က
မင်းတတ်လိုက်တဲ့ ပုဒ်မတွေအတွက်
ဘယ်ရုံးကိုမှ
ငါလျှောက်လဲမှာ မဟုတ်ဘူး
ငါတို့နှစ်ယောက်ကြားက
ဥပဒေတွေကို ဖျတ်သိမ်းပေးဖို့
ငါတောင်းဆိုနေ
သေချာတာကတော့
ငါ့အဘိဓာန် စာမျတ်နှာတွေကို
မင်းလှန်လှောခွင့် မရှိဘူးဆိုတာပဲ ။ ။

No comments:

Post a Comment