ရှာချင်ရာအမြန်ရှာဖို့

Monday, January 23, 2012

ကျောက်ဆည်မြို့အလှ (တောင်တွင်းသူလေး ကဗျာပါ)


ရင်သပ်ရှု့မောရ
ကျောက်ဆည်မြို့အလှ
ငေးမောနေရ
ဆင်အက
ဘယ်အရာမှပြိုင်လို့မရ
ကျောက်ဆည်သားများရဲရင့်လှ
ဆင်အကမှာတွေ့ခွင့်ရ
ရဲရင့်လှတဲံ့ကျောက်ဆည်သား
ထိုးကွင်းများကအထင်အ၇ှား
ကျောက်ဆည်သားများခန့်ငြားလှ
ပျိုတိုင်း၇င်မှာစွဲငြိရ (ငါမပါ)
ခန့်ငြားတည်ကြည်
ကျောက်ဆည်ပြည်
အလည်တစ်ခေါက်ေ၇ာက်ခဲ့ပြီ
ကောင်လေးတစ်ယောက်တော့ခင်ခွင့်၇
မင်းခန့်သူတဲ့ဗျ ။


မှတ်ချက် 
တောင်တွင်းသူလေး ပုလဲက သူမွေးနေ့မှာ ဒီကဗျာလေးကို ကျွန်တော် ဆိုက်မှာ တင်ပေးဖို့ 
ပြောတယ်လေ ကျွန်တော် အမှတ်တရ တင်ပေးလိုက်ပါတယ် 
မွေးနေ့ရှင် ညီမလေး မွေးနေ့မှစ၍ ပျော်ရွှင်သော နေ့သစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ 
မှ
မင်းခန့်သူ (ကျောက်ဆည်)

Sunday, January 22, 2012

အနီရောင်ကောင်မလေးအတွက်

အနီရောင် ကောင်မလေးရေ
ငါ့ရဲ့ အပြာရောင် ဒိုင်ယာရီထဲမှာ
အဖြူရောင် စကားလုံးတွေနဲ့အတူ
အတိတ်ကို မေ့ဆေးထိုးဖို့
ငါမကြိုးစားခဲ့ပါဘူး
ရယ်စရာလေးတွေ ပြောတတ်တဲ့ နင့်ကို
ငါဘယ်လို မေ့လို့ရမှာလဲဟာ
အတွေ့အကြုံတွေ ပေးခဲ့တဲ့ နင့်ကို
ငါဘယ်လို မေ့လို့ရမှာလဲ ။
အနီရောင် ကောင်မလေးရေ
အခြေအနေတွေ မတူခဲ့လို့
ငါ့ရင်ထဲက စကားလုံးတွေကို
နင်မကြားတတ်ခဲ့တာပါ
ငါ့မျတ်ဝန်းတွေကို နင်သိသင့်ပါတယ်
ခွဲခွါရတော့မယ်ဆိုတဲ့ အသိကြောင့်
ငါ့ရဲ့ နှုတ်ဆက်မှုက
ကြမ်းတမ်းလွန်းခဲ့တယ်နော် ။
အနီရောင်ကောင်မလေးရေ
ရည်မှန်းချက်ကြီးတဲ့ နင့်ကို
မျှော်လင့်ချက်နဲ့ ရုန်းကန်နေရတဲ့ ငါက
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေ အတွက်
ငါရင်နင့် ခံစားနေရတာတွေကို
နင်သိစေချင်လိုက်တာဟာ ။
အနီရောင်ကောင်မလေးရယ်
ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေ မရှိခဲ့ရင်
ငါ့မျတ်ဝန်းတွေ ရီဝေနေမှာ မဟုတ်ဘူး
တစ်ခါတလေ အတိတ်စာမျက်နှာတွေကို
ငါ့မျက်ရည်တွေနဲ့ ထိုးကျွေးမိတယ်
အရာမထင်ခဲ့ပါဘူး
ကြည့်မှန်တစ်ချက်လို တုန့်ပြန်သက်ရောက်မှုတစ်ခုသာ
ငါအခါခါ ပိုင်ဆိုင်ခဲ့ရတယ် ။
အနီရောင်ကောင်မလေးရေ
ငါတို့ရဲ့ တွေ့ဆုံခွင့် နောက်တစ်နေ့
ဘယ်မှာမှန်းမသိတဲ့ နောက်တစ်နေ့
နောက်ထပ်ပေါ်လာမယ့် အခက်အခဲ
အိပ်လို့မပျော်တိုင်း ထထကြည့်မိတဲ့
ခေါင်းအုံးအောက်က ဒိုင်ယာရီ
ဇော်ဂျီမြစ်ဘေးက
ငါတို့အမေစိုက်ထားတဲ့ သရက်ပင်ကို လွမ်းတာထက်
ငါနင့်ကို ပိုလွမ်းတတ်တာကိုတော့ ငါဝန်ခံပါရစေဟာ ။ ။

Saturday, January 14, 2012

အနီရောင် ဘုရင်မ

ခါးသက်သက်မိုးစက်တွေ
ငါ့အပေါ်ကို ရွာချတယ်
တိမ်ညိုတောင်မစင်သေးဘူး
ငြိုးရိပ်တွေ ဟန်ရေးပြလို့
လွတ်မြောက်မှုတံခါးဝမှာ
လှောင်ရီသံတွေ ပဲတင်ထပ်
အမှောင်ထုက ဆိပ်သုဉ်း
တိမ်တိုက်တွေက လှောင်ရီနေပြန်
သြော် . . . ငါဟာ
တစ်ယောက်ထဲပါလား
တကယ်တော့ ငါဟာ ငါပဲ
ငါ့ရဲ့ အတ္တစစ်ဖြစ်ခဲ့ရင်တောင်
ဆုံးရှုံးခြင်းတွေကိုလည်း
လက်ကမ်းပြီး ကြိုနေမှာ
အလွတ်ကျက်ထားတဲ့ ကဗျာတစ်ပုဒ်လို
အခါခါထပ်ပြီး
အပ်ကြောင်းထပ်နေတဲ့
ငါ့ရင်ခုန်သံတွေတောင်
တစ်ခါတစ်လေ ကမောက်ကမ ဖြစ်လို့
ထူးစမ်းပါပေ့ . . . . . . . . . . . . ရယ်
မင်းရဲ့ ကဝေဆန်ဆန်
လှည့်စားချက်တွေကို
မြှားနတ်မောင်သာ တကယ်ရှိခဲ့ရင်
ငါ့အတွက်မြှားတစ်စင်း
မင်းကိုထိအောင် ပစ်နိုင်မှာ မဟုတ်ဘူး
ဘာ့ကြောင့်လည်း  . . .
ကိုယ်တောင်းဆိုပါရစေ . . . . . . . . . ရေ
မင်းရဲ့ မှော်ဆန်ဆန် ပြကွပ်တွေကို
နောက်ထပ်  . . . . . . . . . .
ရုံတင်မပြသပါနဲ့လို့ . . . . . .။ ။

ကြွေလွင့်သူရဲ့ ရင်ခုန်သံ

ညီမလေးရေ . . .
ငါလျှောက်နေတဲ့လမ်း
မှားမှန်းလည်းငါသိတယ်
ငါမမော့ပန်းခဲ့ပါဘူး
အရာရာကို လျစ်လျူရှု့
ဥပေက္ခာပြုလို့ရမယ်ဆိုရင်
ကဲ . . . လာစမ်းကံကြမ္မာ
အဲဒီအချိန်မှာ
အမှန်တရားက သေဆုံး
လင်းလတ်ဆဲ ကြယ်တစ်ပွင့်တောင်
မှေးမှိန်ခဲ့ရတယ်
ဘာပဲဖြစ်ဖြစ်ပေါ့
ငါအခန်းနံရံက
မှန်ချက်ကလေးဟာ
ဓားစာခံဖြစ်သွားခဲရတယ်
ညီမလေးရယ်
အရှုံးတွေနဲ့ နေသားကျနေတဲ့ ငါ့အတွက်တော့
သူငယ်ချင်းတွေရဲ့
ဟားတိုက်မှုကိုလည်း ငါခံစားနိုင်တယ်
လောကကြီးရဲ့ လှောင်ပြောင်မှုကိုလည်း
ငါရင်ဆိုင်ရဲတယ်
ဒါပေမယ့် . . . ညီမလေးရယ် ။ ။

ကြယ်တွေဝိုင်းဖွဲ့နေသ၍

သူငယ်ချင်းရေ . . .

 ကဗျာမဆန်တဲ့မနက်ခင်းတွေတိုင်း

ရှေးဆန်တဲ့ အတွေးအခေါ်တွေနဲ့

လူဖြစ်ခဲ့ရတာပေါ့
ဝိရောဓိဆန်တဲ့ ငါ့အတွေးထဲမှာ
ဗျာများနေတဲ့ ငါ့စိတ်တွေဟာ
ဆန့်ကျင်ဘက် နက္ခက်တွေနဲ့အတူ
လွန်ဆွဲနေတဲ့ ကံကြမ္မာနောက်
အခါခါလိုက်နေခဲ့တယ်
တစ်ခါတစ်ရံမှာ
အေးစက်စက်ထမင်းကို
ဆားနဲ့တို့စားပြီး
ခြင်အကိုက်ခံရတဲ့ ဘ၀ကို
ငါလွမ်းတယ်
တစ်ခါတစ်ရံမှာ
Chatting နဲ့ blogs တွေအကြောင်း
Ruby မီးခိုးတွေကြားမှာ
အာပေါက်နေအောင်ထိုင်ပြောကြတယ်
တစ်ခါတစ်ရံမှာ
ဖန်ချိုကျစိမ့် (ဟဲဟဲ အရောလေးပါ) တွေကြားမှာ
မရှိရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့
ထိုင်သောက်ကြတယ်
တစ်ခါတစ်ရံမှာ
ပိုက်ဆံအသက်ငင်နေတဲ့အချိန်
ရေငတ်နေတဲ့ လူတစ်ယောက်လို
အရာရာကို
ငတ်မွတ်နေကြတယ်
ဒါပေမယ့် . . .
ကောင်းကင်ယံမှာ
ကြယ်တွေဝိုင်းဖွဲ့နေသ၍တော့
သူငယ်ချင်းများအဖွဲ့ဆိုတာ
ကြယ်တွေနဲ့အတူ ရှင်သန်နေအုံးမှာပါ ။ ။

ပျောက်ဆုံးနေသော ပန်းတိုင်

ဒီည . . .
ကောင်းကင်မှာ
ကြယ်ရောင်လည်း မလင်းလတ်ဘူး
လေပြေတွေလည်း မတိုက်ခက်ဘူး
ကြယ်ရောင်လည်း မလင်းလတ်
လေပြေလည်း မတိုက်ခက်တဲ့ဒီည...
ကျွန်တော်ကလည်း တစ်ယောက်ထဲ မဟုတ်
ကျွန်တော်ရဲ့ဘေးမှာ
ကျွန်တော်ဆိုတဲ့ ကျွန်တော်လည်းပါတယ်
ဆာလောင်မှုတွေကို မျိုသိပ်လို့
ကျွန်တော်ကလည်း ကျွန်တော်အတွေးနဲ့ ကျွန်တော်
ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလည်း အတွေးလေးနဲ့
ကျွန်တော်တို့  ရည်ရွယ်ရာပန်းတိုင်က
လွတ်လပ်တဲ့ဘ၀လေးကို ပိုင်ဖို့
လမ်းခုလတ်အရောက်မှာ
ဆန့်ကျင်ဘက်လမ်းက လာနေတဲ့ လူတစ်ယောက်နဲ့တွေတယ်
သူနာမည်က “အတွေးသမား”တဲ့
အတွေးသမားကပြောတယ်
“မိတ်ဆွေတို့ ဘယ်သွားမလို့လဲ”
ကျွန်တောတို့ကလည်း
“ကျွန်တော်တို့ လွတ်လတ်မှု ပန်းတိုင်ကို သွားမလို့ မိတ်ဆွေကော
ဘယ်ကပြန်လာတာလဲ လွတ်လတ်မှုပန်းတိုင်က ပြန်လာတာလား ”
အတွေးသမားက
“အေးကွဟုတ်တယ်”
ကျွန်တော်က
“ဘာလို့ပြန်လာရတာလဲဗျာ
ဟိုမှာ လွတ်လွတ်လတ်လတ် ပျော်ပျော်ရွှင်ရွှင်
ဘ၀လေးထဲမှာ နေရောပေါ့ ”
အတွေးသမားက ထပ်ပြောတယ်
““ဒီမှာ မိတ်ဆွေ သူငယ်ချင်း . . .
လွတ်လတ်တိုင်းလည်း ကောင်းမယ်လို့ထင်လား
သူငယ်ချင်း . . . မှတ်ထား
ဘ၀ဆိုတာ အခက်အခဲတွေရှိမှ
ပျော်ရွှင်စရာ ကောင်းတယ်ဆိုတာ
လွတ်လတ်မှုပန်းတိုင်ရောက်မှ
ငါသိခဲ့တာကွ ” တဲ့
“ ဘယ်လို့ . . . ဘယ်လို . . . ဘယ်လို . . .”
ကျွန်တော် ဦးနှောက်ထဲမှာတော့
ဘ၀ဆိုတာ အခက်အခဲတွေ . . . . . .
. . . . . . .  ရှိမှ ပျော်စရာကောင်းတာတဲ့လား
ကျွန်တော်နားလည်လိုက်ပါပြီ
ကျွန်တော်လှမ်းတွေကတော့
လာလမ်းအတိုင်းပြန်လို့
ကျွန်တော်ဆိုတဲ့ ကျွန်တော်ကတော့
ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကို . . . . . . သွားပြီး . . ။

ဒေါသကို အရည်ကျိုသောက်တဲ့နေ့

အိပ်ဆေးတွေ
အခါခါသောက်သော်လည်း
ညဥ့်ငှက်တစ်ကောင်သာ ဖြစ်ခဲ့ရ
လက်တစ်ဆစ်စာ ရယူမှုနဲ့ ရောင်ရဲသူပါ
ဒါတောင် ငါ့အတွက်မှ
လက်ညိုးတွေများ စကားတွေလွင့်
တံလှပ်ကို ရေထင်ခဲ့တဲ့ငါ
ကျိုကျဲကျဲ အခွင့်လမ်းကို
မရမကဖမ်းရင်း
မိုးလင်းခဲ့တာ အကြိမ်ကြိမ်
ခြေလှမ်းတွေများသလောက်
ခရီးမရောက်ခဲ့ပါဘူး
မာနတွေနဲ့ လိမ်းကျံထားတဲ့ငါ
နောက်ဆုံးတော့
ဒေါသကိုသာ
အရည်ဖျော်သောက်ခွင့်ရသူပါဗျာ ။

အမှန်တရား

အတွယ်တာဆုံး ဘ၀ကိုစွန့်လွတ်
အမုန်းဆုံးအလုပ်ကို ငါလုပ်ခဲ့ပြီး
အရချင်ဆုံးအရာကို ငါအရယူခဲ့မိတယ်
ရွက်မဲ့ပင်ခြောက် သစ်ခေါင်းပေါက်ဆိုတဲ့
တစ်ခုတည်းသော ငါ့ရဲ့ မှီခိုရာကို
ခြေစုံကန် ထပြန်ပြီး
ရဲရဲစွန့်လွတ်ခဲ့တယ်
သူရဲ့ ခင်မင်မှုကို ရဖို့
ငါ့ကိုငါလည်း ညာရဲခဲ့တယ်
လောကကြီးကိုလည်း လိမ်ရဲခဲ့တယ်
ရင်ထဲက ဆန္ဒတစ်ခုအတွက်
ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးက
သိပ်တော့မမျှဘူး
ငါ့ကို ကျိုချက်ရတဲ့ စိတ္တဇညများ
အသိုက်အမြုံကို စွန့်ပစ်ရမှုများ
လောကကြီးရဲ့ နာကျင်ကျင် အကြည့်များ
အားလုံး အားလုံးကို ငါရတယ်
ဘာပဲဖြစ်ဖြစ်
လူလိမ်လူညာလေးတစ်ယောက်
သိညာဉ်မဲ့သွားသည့်တိုင်
သူလိမ်ခဲ့သူ အားလုံးအပေါ်
သူရိုးသားသွားမှာပါ ။ ။

Friendsdaygroupရဲ့ လွမ်းမောဖွယ်

friendsdaygroup ရဲ့
ဖခင်ကြီး လင်းလတ်ဟန်ရေ
နွေ မိုး ဆောင်း အလီလီပြောင်း
ရွက်ဟောင်းကြွေလို့
ရွက်သစ်တွေလည်း အခါခါဝေခဲ့ပြီလေ
သူငယ်ချင်းတွေရဲ့ အဘိဓာန်
သေချာပြန်ဆန်းစစ်ကြည့်တော့
လွန်ခဲ့တဲ့ နှစ်များစွာက
ဝိုင်းဖွဲ့စားသောက်ခဲ့တဲ့
ငတ်တစ်လှည့် ပျတ်တစ်လှည့် ဘဝေလေးတွေနဲ့
ဟင်းလျှာမရှိတဲ့ ညစာတွေကြားက
ဒီဇင်ဘာ (၁၄) ရက်ကို
ကဗျာစာအုပ် ငယ်တွေနဲ့
အသက်ရှည်စေခဲ့ကြတယ်
အခုတော့ သူငယ်ချင်းရေ
Internet ဆိုတဲ့ ကွန်ယက်မှာ
တို့ရဲ့ friendsdaygroup ဟာ
ထင်ပေါ်ကျော်ကြားလို့
ဘာတတ်နိုင်မှာလဲ
ငွေဆိုတဲ့ သားကောင်နောက်
ငါတို့မလိုက်နိုင်ခဲ့ဘူးလေ
တို့တတွေကတော့ တစ်ယောက်တစ်နေရာစီ
ဝေးကွာနေကြပြီလေ
ပုလင်းဖက်မွေးတဲ့
နှင်းဆက်သွေးက တစ်နေရာ
အာလူးနဲ့ မက်လုံးပေး
ခွဲခွါသွားတဲ့ ဝေလင်းစော
အရာရာကို လျစ်လျူရှု့
ဥပေက္ခာ ပြုတတ်တဲ့ ညီမင်းခ
ယခု
friendsdaygroup မှာ
တာဝန်ယူနေသော Admin ဖြစ်တဲ့
ကျွန်တော်တို့ အဖွဲ့ရဲ့ ကိုကြီး ဂျေဂျူဝိုင်
ပင်မဌာနချုပ်မှာ
နားခိုနေဆဲ ဖြစ်တဲ့
ခွန်ပဇ္ဇုန် နဲ့ ခွန်ရာဇာ
အရာရာဟာ လွမ်းမောစရာတွေချည်းပါပဲ
ငွေမရှိတဲ့ တို့ဘ၀ ဘာတတ်နိုင်မှာလဲ
Internet မှာ
ထင်ပေါ်နေတဲ့ friendsdaygroup ကိုကြည့်ပြီး
ငါတို့ ၀မ်းသာရမှာပေါ့ကွာ
ဘာပဲဖြစ်ဖြစ်
14.12.2010 ဒီဇင်ဘာ (၁၄) ရက်လည်း
ဘာလိုလိုနဲ့ ရောက်တော့မယ်နော်
သူငယ်ချင်းတို့ရေ
ငါတို့ရဲ့ ငတ်တစ်လှည့် ပျတ်တစ်လှည့်
ဘ၀လေးမှာ
အရင်လိုနားခိုဖို့
ရောက်ရာအရက်က
ဌာနချုပ်ရှိရာကို
အမြန်ပြန်လာကြပါကွာ
အရင်လို ဘ၀လေးနဲ့ပဲ
ဒီနှစ် သူငယ်ချင်းများနေ့မှာ
တို့တတွေ ပျော်ကြတာပေါ့
ပျော်ကြတာပေါ့
ပျော်ကြတာပေါ့ကွာ။

ထိမ်မြားခြင်း(၁၀)မျိုး


၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း
သတိုးသားသတိုးသမီး နှစ်ဦးတို့သည် ပရိတ်သတ်အလယ်သို့မထွက်ဘဲ မိမိတို့အိမ်မှာသာ လွတ်လပ်စွာနေကြပြီး
ပရိတ်သတ်များ စားသောက်ပြီး၍ ပြန်သွားသောအခါမှ သတို့သမီး၏ အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ သတိုးသား ပုဆိုး
တင်ခြင်းကိုခေါ်သည် ။

၂။ လက်ဆုံထမင်းစား ထိမ်းမြားခြင်း
သတို့သား၊ သတို့သမီးတို့သည် ထမင်း (သို့မဟုတ်) မုန့်ပဲသွားရည်စာများကို လူကြီး မိဘများရှေ့မောက်၌
လက်ဆုံစားခြင်းဖြစ်သည်။

၃။ လက်စွပ်လဲလှယ်၍ ထိမ်းမြားခြင်း
သတို့သားဝတ်ဆင်သော လက်စွပ်ကို သတို့သမီးသို့ပေးပြီး ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ဆင်သော လက်စွပ်ကို
သတို့သားသို့ပေးပြီး ၀တ်ဆင်စေခြင်းကိုမည်၏။

၎။ အ၀တ်ပေး၍ ထိမ်းမြားခြင်း
သတိုးသားက သတိုးသမီးအိမ်သို့သွားသည့်အခါ သတိုးသမီး၏ ဆွေမျိုးများက သတိုးသားအား ရေချိုးစေပြီး အ၀တ်ပုဆိုး
အသစ်ကို လဲလှယ်ပေးခြင်းဖြစ်သည်။

၅။ လက်ထပ်၍ ထိမ်းမြားခြင်း
သတို့သမီး၏ လက်ယာလက်ကိုဖြန့်စေ၍ သတို့သား၏ လက်ယာလက်ကို အပေါ်မှာတင်စေပြီး ဘိသိတ်ဆရာဖြစ်စေ၊
လူကြီးလူကောင်းတစ်ဦးဦးကဖြစ်စေ ပရိတ်သတ်အလည်တွင် ထိမ်းမြားပေးခြင်းသည်။

၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း
သတို့သား သတို့သမီး နှစ်ဦးစလုံး၏ ဦးခေါင်း ဆံ့ဝင်လောက်အောင် စွပ်ရသော ရွှေဆွဲကြိုးကို ပန်းကုံးသဖွယ်ပြုလုပ်၍
သတို့သား သတို့သမီး နှစ်ဦးစလုံးအား တစ်ခါတည်း စွပ်ပေး၍ ထိမ်းမြားခြင်းဖြစ်သည်။

၇။ စုလျားရစ်ပတ် ထိမ်းမြားခြင်း
သတို့သမီး လွှားခြုံထားသော စုလျားတစ်ဘက် (သို့မဟုတ်) ပုဝါကို သတို့သား သတို့သမီး နှစ်ဦးက ရစ်ပတ်၍
ထိမ်းမြားခြင်းဖြစ်သည်။

၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း
သတို့သား သတို့သမီးတို့ ရှေ့ဦးစွာ ပန်းကုံးအား တစ်ဦးနှင့်တစ်ဦး လဲလှယ်၍ စွပ်ပေးခြင်းဖြစ်သည်။

၉။ ရေခွက်၌လက်ဆုံချ၍ ထိမ်းမြားခြင်း
ရေထည့်ထားသော ရေခွက် ၊ ရေဖလားတွင် မင်္ဂလာရှိသော အောင်သပြေ ပန်းများထည့်၍ သတို့သား သတို့သမီးတို့၏
လက်ယာလက်များကို ချထားစေ၍ ထိမ်းမြားခြင်းဖြစ်သည်။

၁၀။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း
ရွှေခွက်၊ ငွေခွက်၊ ဖန်ခွက်၊ စသည်တို့၌ န၀ရက်ကိုးသွယ် နံ့သာမျိုးငါးပါးတို့ကို သွေးထည့်ပြီး သတို့သား သတို့သမီးတို့၏
ဦးခေါင်းထက်မှ သပြေခက်နှင့် ဖျန်းပတ်သွန်းလောင်း၍ ထိမ်းမြားခြင်းဖြစ်သည်။

မှတ်ချက် = ဒီဆောင်းပါးကို စာရေးဆရာ  ဆရာ “ လူနေ´´ ရေးသော “ချစ်သူရွာ´´ စာအုပ်မှ
တဆင့်ကူးယူဖော်ပြပါသည်။

အမှန်တရား


အတွယ်တာဆုံး ဘ၀ကိုစွန့်လွတ်
အမုန်းဆုံးအလုပ်ကို ငါလုပ်ခဲ့ပြီး
အရချင်ဆုံးအရာကို ငါအရယူခဲ့မိတယ်
ရွက်မဲ့ပင်ခြောက် သစ်ခေါင်းပေါက်ဆိုတဲ့
တစ်ခုတည်းသော ငါ့ရဲ့ မှီခိုရာကို
ခြေစုံကန် ထပြန်ပြီး
ရဲရဲစွန့်လွတ်ခဲ့တယ်
သူရဲ့ ခင်မင်မှုကို ရဖို့
ငါ့ကိုငါလည်း ညာရဲခဲ့တယ်
လောကကြီးကိုလည်း လိမ်ရဲခဲ့တယ်
ရင်ထဲက ဆန္ဒတစ်ခုအတွက်
ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးက
သိပ်တော့မမျှဘူး
ငါ့ကို ကျိုချက်ရတဲ့ စိတ္တဇညများ
အသိုက်အမြုံကို စွန့်ပစ်ရမှုများ
လောကကြီးရဲ့ နာကျင်ကျင် အကြည့်များ
အားလုံး အားလုံးကို ငါရတယ်
ဘာပဲဖြစ်ဖြစ်
လူလိမ်လူညာလေးတစ်ယောက်
သိညာဉ်မဲ့သွားသည့်တိုင်
သူလိမ်ခဲ့သူ အားလုံးအပေါ်
သူရိုးသားသွားမှာပါ ။ ။

သူငယ်ချင်း


အဓိပ္ပါယ်ကို အသေအချာမဖွင့်ဆိုတတ်ပေမယ့်
နုညံ့တဲ့ သံစဉ်တစ်ပုဒ်ကို
မင်းနဲ့ ငါ့ရဲ့ခင်မင်မှုဟာ
အေးချမ်းလွန်းလှတယ်
ဂုဏ်တွေ၊ ဓနတွေ ကင်းတဲ့
ခင်မင်မှုတွေနဲ့
၅၂၈ ဆိုတဲ့အဖြူရောင်ကြိုးတွေကို
ရစ်ပတ်ခဲ့ပြီးတဲ့နောက်
ဒို့နှစ်ယောက်ဟာ
ရိုးသားခြင်းဆိုတဲ့ တိမ်လွှာကြားမှာ
ပျော်ရွှင်စွာ လွင့်မျောခဲ့ကြတယ်
၁၅၀၀ မေတ္တာဆိုတာ
အတ္တမာနနဲ့ သံသယတွေက
တိုက်စားဖန်များလာရင်
ပြိုလဲကြေကွဲ တတ်ပါတယ်
ငါ့တို့နှစ်ယောက်ရဲ့ ခင်မင်ခြင်းမှာ
ဘာမြူမှုန့်မှ မပါတဲ့အတွက်
ဘယ်တော့မှ ပျတ်သုဉ်းမှာ မဟုတ်တာ
ငါယုံကြည်သလို
မင်းလည်းယုံကြည်လိမ့်မယ်လို့
ငါ . . . ထင်မိတယ် ။ ။

အမှောင်မရှိတဲ့ည


ဒီနေ့ . . .
Black Day
ငါ့အတွေး စက်ဝိုင်းမှာလဲ
ရိုးအီသွားခြင်းမရှိတဲ့
မှုန်ပြပြ အလင်းရောင်ပဲ
ပြောင်လဲမသွားတဲ့
အနာဂါတ်တစ်ရက်
နေ့သစ်ဆိုတာ မရှိခဲ့ဘူး
မိုးလင်းကနေ မိုးချုပ်
ဒီအလုပ်ပဲ ငါထပ်လုပ်နေမိတယ်
ပန်းတိုင်ဟာလည်း
မှုန်ပြပြအလင်းရောင်ပဲ
အရောင်အဆင်းလည်းမရှိဘူး
တစ်ရောင်ထဲ (တစ်ယောက်ထဲ)
ငါဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ
လက်ချိုးရေတွက်
မှုန်ပြပြအလင်းရောင်ပဲ
တဆယ်ရာနှုံးတောင် မပြည့်ခဲ့ဘူး
ငါ့ကိုယ်ငါ ပြန်စမ်းကြည့်တယ်
အေးစက်စက်အထိအတွေ့နဲ့
မှုန်ပြပြအလင်းရောင်ပဲ
ဟုတ်တယ် . . . တကယ်တော့
ငါဟာ မှုန်ပြပြ အလင်းရောင်တစ်စက်ပဲ ။ ။

ခေါင်းစဉ်မဲ့ကဗျာတစ်ပုဒ်


ယဉ်ယဉ်လေးနဲ့ ရူးခဲ့မဟုတ်ပါဘူး
ပြုံးပျော်ရွှင်နေခဲ့တာပါ
ရွှင်ရွှင်လန်းလန်း နေခဲ့တာပါ
” ချစ်”ဆိုတဲ့ စကားလုံးအတွက်
ညီမျှခြင်းတွေကိုလည်း ရှာဖွေခဲ့မိတယ်
မဖြစ်နိုင်မှန်း သိခဲ့ပေမယ့်
လေးလေးနက်နက်ပဲ ညီမကိုချစ်ခဲ့တယ်
သိပ်ချစ်တယ် ညီမလေးရယ်
‘ချစ်ခြင်းမေတ္တာ’ ဆိုတဲ့ ဝေါဟာရ
တယ်လဲသံတွေကြားက
ကွာဟမှုတွေကို ကိုကို ချေဖျတ်ခင်တယ်
ဒါပေမယ့် . . . ညီမလေးရယ်
ပေတေစုတ်ပျတ်နေတဲ့ ကိုကိုအခြေအနေ
မဲ့နေပေမယ့် ပြုံးပြရတဲ့ ကိုကိုဘဝ
မဖြစ်ချင်တာတွေ ဖြစ်နေတဲ့ ကိုကို ကံကြမ္မာတွေကြောင့်
‘ချစ်’နဲ့ ပါတ်သက်လာရင် ကိုကို အရင်က ဝေးဝေးရှောင်ခဲ့တယ်
ရဲရဲတွန်းလှန်ခဲ့တယ်
ဘူးတစ်လုံး ကိုကို စောင်ခဲ့ဘူးအခုတော့
ပြောချင်တဲ့ အချစ်စကားတွေကို
ပြီးဆုံးခဲ့တဲ့ အတိတ်မှာပဲ ထားခဲ့ခွင့်ပြုပါ
တာဝေးပြေးသမား တစ်ယောက်ဟာ
တွေဝေနေလို့ မရဘူးဆိုတာ ကိုကို အခုသိခဲ့ပြီလေ
ကိုကိုညိမလေးကို သိပ်ချစ်တယ် ဒါပေမယ့်
ရုပ်သိမ်းဖို့ ကိုကိုတောင်းဆိုနေတာ မဟုတ်ဘူး
သိမ်းစဲထားစေချင်လို့ပါ ကိုကို အချစ်တွေကို
ခွင့်လွတ်နားလည်ပေးဖို့ပါ
ပြုပြင်ပြောင်းလွှဲပေးဖို့ပါ
ပါဝင်ပါတ်သက်ခွင့်ပြုပါ ညီမလေး . .

ဘ၀ပေတံ


ဖန်ချိုကျစိမ့်မျက်နှာလေး
မနက်ခင်းတိုင်း
ဘယ်စာမျတ်နှာအောက် သွားပုန်းနေလဲ
ဘ၀စာမျတ်နှာတွေ
တစ်ရွက်ပြီးတစ်ရွက် လှန်နေမိ
အင်အားမဲ့ လက်ချောင်းများ
ဘယ်သောင်ကမ်း ဆိုက်မယ်မသိတဲ့
စိတ်ကူးယဉ်ဆန်ဆန်  အတွေးများ
ဘယ်အရာကို
ကဗျာဆန်ဆန် ကိုင်တွယ်ရမလဲ
လူတိုင်းလူတိုင်း
ကိုယ့်ပေတံနဲ့ကိုယ်
ဘ၀ခရီးတွေကို သွားနေကြတာပဲ
ငါ့ဘ၀ရဲ့ သမိုင်းစာမျတ်နှာဟာ
တစ်ရွက်မပြည့်ခင်
အဆုံးသက်ခံခဲ့ရတယ်
အပုတ်ချခံခဲ့ရတယ်
နောက်ဆုံး
အမြင့်ဆုံးတင်ပြီးမှ ပစ်ချခံခဲ့ရတယ်
“မင်းခန့်သူ´´ဆိုတဲံ ကောင် ဘာအသုံးဝင်သလဲတဲ့
ငါ့ကိုယ်ငါ မေးကြည့်တော့
ငါဟာငါပဲ ဘာမှအသုံးမ၀င်တဲ့အကောင်
အရာရာကို ကိုယ်စိတ်နဲ့နိုင်း
ရိုင်းနေခဲ့တဲ့ကောင်
နောက်ဆုံးတော့
မှုန်ပြပြ အလင်းရောင်အောက်မှာပဲ
ငါ့ပေတံကိုငါ တိုင်းတာကြည့်နေမိတယ် ။ ။

နှင်းဆီတေလေ


ငွေဆိုတာ ရှာတတ်ရင်
လွယ်လွယ်လေးတဲ့လား
ပြောပေါ့ကွာ
ဒီကား ဒီဆိုင်ကယ်တွေနောက်
မင်း ဘယ်နှစ်နှစ်များ
အခန့်သား ထိုင်လိုက်သွားနိုင်မှာလဲ
ရုပ်ရှင်မင်းသမီးနာမည်တွေနဲ့
မင်းသူငယ်ချင်းတွေနောက် လိုက်မသွားခင်လေး
နံရံထက်မှာ မင်းကိုယ်တိုင် ချိတ်ထားတဲ့
မင်းအမေရဲ့ ဓာတ်ပုံလေး
အိုစာသွားလိုက်ပုံလေ . . . ။
နှင်းဆီအရောင်က
ပြာနှမ်းနှမ်းကြီးပါကွာ
ငါတို့လမ်းပေါ်မှာ
မင်းနာမည်ကျကွဲသံတွေ
ငါထပ်မကြားချင်တော့ဘူး
ဘ၀တိုတိုလေးမှာ
မင်းယဇ်မူးအနမ်းကလည်း
တိုတိုလေးပဲ ရိုစီရဲ့
စမ်းကြည့်ပေါ့လေ
ကံထမ်းလာတယ်ဆိုတာမျိုးက
မြင်ရတာမှ မဟုတ်တာ
ဒီငရုတ်သီးတွေထဲမှာ
တစ်ထောင့်တစ်လေတော့
မင်းအတွက် ချိုကောင်းချိုနေမှာပါ ။

စိတ်


မိုင်ပေါင်းများစွာနီးလိုက်ဝေးလိုက်
ကမောက်ကမနဲ့ ပြန်ရောက်လာလိုက်
ကျီးမိုက်လို ကမ်းမမြင် လမ်းမမြင်ဖြစ်လိုက်
ကပျက်ကချော် ကတိပြန်ပေးလိုက်
ကသိကအောက် ခေါင်းခါပြီး ပြန်ဝင်လာလိုက်
သူ့ဆီက ထွက်ထွက်သွားသောစိတ်
ကရော်ကမယ်အပြုံးနဲ့ ကြိုဆိုလိုက်
ထစ်ထစ်ချုန်းချုန်း မရွာဖြစ်တဲ့
ပေါက်ပေါက်ပြဲပြဲ ကျင့်ဝတ်က
လူမြင်မကောင်းတာတွေကို
ဒါနောက်ဆုံး တစ်ကြိမ်လို့ သစ္စာဆိုလိုက်
အနာဂတ်မှာ ပြဿဒါးတွေ
ကသောင်းကနင်း တန်ဆာဆင်အောင်
အခွင့်အရေးပေးတိုင်း
မိဘ၊ ဆရာ၊ ကိုယ်ကျင့် အရှက်တရားကို
ခဏတာ မေ့ဆေးထိုးလိုက်
ဟေ့ ငါ့နှလုံးသား အ၀င်ဝမှာ
ပျစ်ပျစ်ချွဲချွဲအပြုံးနဲ့ လာရပ်မနေနဲ့
ငါ့ ရွံတတ်တယ် မိန်းကလေး ။

ဒေါသကို အရည်ကျိုသောက်တဲ့နေ့


အိပ်ဆေးတွေ
အခါခါသောက်သော်လည်း
ညဥ့်ငှက်တစ်ကောင်သာ ဖြစ်ခဲ့ရ
လက်တစ်ဆစ်စာ ရယူမှုနဲ့ ရောင်ရဲသူပါ
ဒါတောင် ငါ့အတွက်မှ
လက်ညိုးတွေများ စကားတွေလွင့်
တံလှပ်ကို ရေထင်ခဲ့တဲ့ငါ
ကျိုကျဲကျဲ အခွင့်လမ်းကို
မရမကဖမ်းရင်း
မိုးလင်းခဲ့တာ အကြိမ်ကြိမ်
ခြေလှမ်းတွေများသလောက်
ခရီးမရောက်ခဲ့ပါဘူး
မာနတွေနဲ့ လိမ်းကျံထားတဲ့ငါ
နောက်ဆုံးတော့
ဒေါသကိုသာ
အရည်ဖျော်သောက်ခွင့်ရသူပါဗျာ ။

သင်းကွဲငှက်ရဲ့ ငိုညဉ်းသံ


သူငယ်ချင်းရယ် . . .
မိုးစက်တွေနဲ့အတူရောက်ရှိလာပြီး
မိုးပြေးလေးတွေလို
မင်းထွက်ပြေးသွားခဲ့တာ
အသေအချာ ရေတွက်ကြည့်ရင်
နာရီတွေတောင်
အံသြလောက်ပါရဲ့ . .။
သူငယ်ချင်းရယ် . . .
ပျော်ရွှင်ခြင်းတွေနဲ့အတူ ရယ်စရာလေးတွေ
ဖန်တီးတတ်တဲ့ မင်းကို
လွယ်လွယ်နဲ့ မေ့နိုင်ဖို့ဆိုတာ
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတဲ့ . . .။
သူငယ်ချင်းရယ် . . .
ခဏလေးပါပဲ တကယ်ကို ခဏလေးပါပဲ
ငါ့ဘ၀ထဲကို မင်းရောက်လာတဲ့အချိန်က
အရမ်းကို တိုတောင်းလွန်းလှပါတယ်
ဒါပေမယ့် . . .
မင်းဘက်ကငါ့ကိုလေ
ခဏလေးပဲဖြစ်ဖြစ် သတိရတဲ့အချိန်
ဒါမှမဟုတ်
မင်းဝမ်းနည်းအားငယ်နေချိန်မှာ မင်းပြန်လာရင်
ငါ့ဘက်က
အဖြူရောင်စည်းဝိုင်းထဲမှာ စောင့်နေတယ်ဆိုတာ
မင်းကို သိစေချင်လိုက်တာသူငယ်ချင်းရယ် . . .။

ဂုဏ်ပကာသနတွေသာမရှိခဲ့ရင်


ချစ်သူရယ် . . .
မင်းဘေးနားက အဝေးကို
ထွက်မသွားချင်ပါဘူး
အဆွေးသမားလည်း
ကိုယ်မဖြစ်ချင်ပါဘူး
ဖြစ်နိုင်ရင်
သာယာတဲ့ ရင်ခွင်မှာ
နုညံ့တဲ့ အချစ်တွေ
ပေးပြီး အရိပ်တကြည့်ကြည့်
ချစ်နေချင်တာပါ
အိပ်မက်နဲ့ စိတ်ကူး
ထပ်တူကြခဲ့ပေမယ့်
တကယ်လက်တွေ ဘ၀မှာတော့
ဂုဏ်ဓနတွေပိုင်းခြား
ပကာသနတွေ ခြံရံထားနဲ့
မိုးနဲ့မြေလို
ကွာခြားလှပါတယ် . . . ချစ်သူရယ်
မမှီတဲ့ပန်း မလှမ်းသာပေမယ့်
သိလျှက်နဲ့ ခုန်ခူးမိတော့
လကို ဆူးစူးတာပေါ့
ပေါင်းစပ်လို့ မရတဲ့ ဘ၀နှစ်ခုအတွက်
ချစ်သူဖတ်က စွန့်ပြစ်မှာလား
ကိုယ့်ဖတ်မှာက
အချစ်ကို ကိုးကွယ်ထားတာမို့
နေ့စဉ်ရက်စက်
ကိုယ်စောင့်နေပါတယ်
ဓနဂုဏ်တွေ မရှိပေမယ့်
သစ္စာ အချစ်တွေ ရှိနေပါတယ်
မဆုံစည်းနိုင်သော
ကိုယ်တို့နှစ်ယောက်အတွက်
နောက် . . . နောင်ဘ၀ဆိုတာရှိခဲ့ရင်
နောင်ဘ၀ဆိုတာရှိခဲ့ရင် . . . ?

ကောင်လေးကကောင်မလေးကိုဆွဲဆောင်နည်း



၁။ သူမကို ချီးမွမ်းပေးပါ
၂။ သူမကို ညင်သာစွာလေး နမ်းပေးပါ
၃။ သူမကိုပဲ ဂရုစိုက်ပါ
၎။ သူမကိုပဲ ချစ်ပါ
၅။ ကြင်နာစွာ ဆက်ဆံပါ
၆။ သူမရှေ့မှ မားမားမက်မက် ရပ်ပြီးကာကွယ်ပေးပါ
၇။ လက်လေးကိုင်ထားပါ
၈။ သူမအတွက်ပဲ ပိုက်ဆံကိုသုံးပါ
၉။ ညစာတွေကိုသူမနဲ့အတူစား ၊ ၀ိုင်ကိုသောက်
၁၀။ သူမပြောသမျှကိုပဲနားထောင် ပြန်မပြောနဲ့
၁၁။ လိုအပ်တဲ့အချိန်တိုင်း သူမဘေးမှာရှိနေ
၁၂။ သူမလိုသမျှ ဖြည့်ဆည်းပေး
၁၃။ သေတပန် သက်တဆုံး သူမတစ်ယောက်ထဲပဲ လက်တွဲပါ

တောင်းဆိုချက်


အဆုံးသတ် ပန်းချီကား
အနားသက်မလှမှန်း
ကြိုသိနေမှတော့
မနက်ဖြန်တွေကို ဘယ်လို ဖူးပွင့်စေတော့မှာလဲ
ပေါင်းဖော်ဖို့ မဖြစ်နိုင်တော့ချိန်မှာ
ကျောခိုင်းထွက်ဖို့
ဘာကြောင့် မင်းဝန်လေးနေရတာလဲ
ရလာဒ်မတူတဲ့ ပုစ္ဆာတစ်ပုဒ်ကို
ဘယ်လိုဒေတာတွေနဲ့မှ
အရောင်းအ၀ယ်လုပ်မှာမဟုတ်ဘူး
ငါ့ရဲ့ခင်မင်မှုနောက်က
မင်းတတ်လိုက်တဲ့ ပုဒ်မတွေအတွက်
ဘယ်ရုံးကိုမှ
ငါလျှောက်လဲမှာ မဟုတ်ဘူး
ငါတို့နှစ်ယောက်ကြားက
ဥပဒေတွေကို ဖျတ်သိမ်းပေးဖို့
ငါတောင်းဆိုနေ
သေချာတာကတော့
ငါ့အဘိဓာန် စာမျတ်နှာတွေကို
မင်းလှန်လှောခွင့် မရှိဘူးဆိုတာပဲ ။ ။

တိတ်တိတ်ကလေးပဲချစ်ရအောင်


ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာအောက်
ငါတို့နှစ်ယောက်
တွေ့ခဲ့ကြတယ်နော်
မှော်လိုဖမ်းစားတတ်တဲ့
အဖြူရောင် စကားလုံးတွေထဲမှာ
ငါတို့နှစ်ယောက်
ချစ်သူတွေဖြစ်ခဲ့ကြတယ်နော်
ငါ့ကို ချစ်တတ်ခြင်း နက္ခက်နဲ့
အတူတကွ မွေးဖွားပေးခဲ့တဲ့
Internetကို ကျေးဇူးတင်တယ်
ငါ့နှလုံးသားကို စိုက်ဝင်လာတဲ့
မင်းရဲ့အချစ်မြှား တစ်စင်းဟာ
ငါ့နှလုံးသားကို တည့်တည့် စိုက်ဝင်သွားတယ်
မမြင်ဘူးပေမယ့်
ငါမင်းကိုချစ်တယ်
ရှေးဘ၀ကပေးတဲ့ ဖူးစာရှင်ပဲလား
ငါမင်းကို ချစ်ခွင့်ရတဲ့အတွက်
ငါ့ဘ၀လေး စိုပြေခဲ့တယ်
မင်းအချစ်ကိုလည်း အကြွင်းမဲ ယုံခဲ့တယ်
ဂုဏ်တံတိုင်း ငွေတံတိုင်းတွေကြားမှာ
ငါ့တို့ရဲ့ ဖြူစင်တဲ့အချစ်တွေ
ပျောက်ကွယ်သွားမှာ ငါကြောက်တယ်
ဘာပဲဖြစ်ဖြစ် ငါမင်းကိုချစ်တယ်
ဘာပဲဖြစ်ဖြစ် မင်းလည်း ငါ့ကိုချစ်နေမှာပဲ
ဒါကြောင့် ငါ့တို့နှစ်ယောက်
နှလုံးသားချင်း နားလည်မှုနဲ့
မင်းရင်ထဲက စကားလုံးတွေနဲ့
ငါ့ရင်ထဲက စကားလုံးတွေကို
ငါဖတ်တတ်ခဲ့ပြီလေ
ဒီတော့ . . .
ငါ့တို့နှစ်ယောက်
အဆုံခင်စပ်ကြား
တိတ်တိတ်ကလေးပဲ
အဝေးကနေပဲ ချစ်ကြရအောင်နော် ။ ။

ကံတရား


အလွမ်းမြစ်ရိုးတစ်လျှောက်
စီးမျှောရင်း နစ်မြုတ်နေခဲ့
အချိုဆုံးနေ့ရက်များ
သောကနဲ့ ရင်းနှီးပေါင်းဖက်လို့
ငါ့ နှလုံးသားက စွဲလမ်းခဲ့သမျှ
ဒိုင်ယာရီသာ ဖြစ်ခဲ့ရတယ်
ကံတရားရဲ့ ခေါ်င်သံ
အကြိမ်ကြိမ်ငါကြားရောင်နေလဲ
သက်ပြင်းမောမောသာ အခါခါချ
တတ်ခေါက်နေခဲ့ရတယ်
အတိမ်အနက်ကို အတိုင်းအတာမသိလို့
အိပ်မက်တောင် ဇိမ်နဲ့ မက်ခွင့် မရခဲ့ပါဘူး
ဒီကံတရားရဲ့ ထိုးနှပ်ချက်
သွေးမထွက်ပေမယ့်
နာကျင်လွန်းလှပါတယ်
ဒီလိုနဲ့ပဲ
တစတစနဲ့ . . .
ငါဟာ ကြီးရင့်လာခဲ့ရတယ်

မနေတတ်လို့ပါ


ဖားတုလို့ ခရုခုန်
အိုင်ပျတ်ယုံပဲ ရှိမှာပေါ့တဲ့
ဖားတုလို့ ခရုခုန်ခဲ့တာ
မဟုတ်ပါဘူး
လင်းလတ်ခွင့် မရမဲအတူတူ
ပိုးစုန်းကြူကို အဖော်ပြုမိတာပါ
နွားခြေရာခွက်ကိုမှ
ပင်လယ်ထင်ခဲ့တာ မဟုတ်ပါဘူး
ဝါးလုံးခေါင်းထဲမှာပဲ
ပျော်နေတတ်သူမို့ပါ
ကြွေစေချင်လို့
ပန်းကို သက်သက် ခြွေခဲ့တာ
မဟုတ်ပါဘူး
ဥယျာဉ်မှုး ဘ၀ကို စာနာတတ်မယ်ဆိုရင်
ငါဟာ ပန်းခြွေလက် သက်သက်ပါ
စားငန်ရေကို သောက်ပြီး
ဘ၀ကို စိတ်နာနေတာ
မဟုတ်ပါဘူး
အိုအေစစ် တစ်စက်အတွက်
ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။

လူကြီးလူကောင်းဆန်တဲ့လူယုတ်မာများ


ငါးမျှားချိတ် တလှုပ်လှုပ်တခါခါ ဖြစ်လာတော့
ကျွန်တော် မကောင်းကြောင်းကို အားနဲ့အင်နဲ့
အပေါ်ကို မရမက ဆွဲတင်လိုက်ကြတယ်
ဒီနေရာက ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေတီးတဲ့ နေရာလား
ဒီစာမျတ်နှာက ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လား
“မင်းခန့်သူ” က လှံစိုက်ရာ နိမ့်ရတဲ့မြေလား
သင်က လူကြီးလူကောင်းဆန်တဲ့ လူယုတ်မာလား
ဘ၀ဆိုတာ ရေပွတ်ပမာ ဆိုတာထဲက
ခင်ဗျားတို့ လိုချင်တာ ငွေကြေးလား ဂုဏ်ပကာသနလား
ပင်လယ်ကြီးလောက် ကြီးကျယ်ချင်သလား
ကောင်ကင်ကြီးလောက် ခမ်းနားချင်သလား
ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြိုင်မြင်းလုပ်နေသလား
ဘဂ္ဂဒတ်က အခုထကွဲဗုံးဟာ ခင်ဗျားတို့လား
ကိုယ့်မျက်လုံးနဲ့ငိုတာ အားမရသေးဘူးလား
စိတ်ကောင်းရှိဖို့ ပထမဆိုတာကို နားလည်လား
အနိုင်ရလိုမှုမှာ ဂုဏ်မရှိဘူးဆိုတာ သိသလား
အမဲရိုးကိုက်ပြီးအော်တာ
သိပ်ဝေးဝေးမရောက်ဖူးဆိုတာ သိသလား
တိရစ္ဆာန်တွေတောင်မှ ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ သိသလား
ခင်ဗျားတို့ကော ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။

နားလည်ပေးပါ


သူငယ်ချင်းရေ . . .
မိုင်ပေါင်းများစွာ နီးလိုက်ဝေးလိုက်
ကမောက်ကမနဲ့ ပြန်ရောက်လာလိုက်
ငါ့ရဲ့ တွေးအာရုံးထဲမှာတော့
ဟိုးအတိတ်ကိုလည်း ပြန်မသွားဘူး
ပစ္စုပ္ပန်မှာလဲ ငါရပ်မနေဘူး
သူငယ်ချင်းရေ . . .
အားငယ်တတ်တဲ့
ငါ့ရဲ့ အားနည်းချက်ကို
မင်းတို့တစ်စက္ကန့်မျှ သတိရပေးရင်
မင်းတို့ ငါ့အပေါ်မှာ
တစ်သတ်တာ နားလည်လာမှာပါ
သူငယ်ချင်းရေ . . .
ငါ့ရဲ့ဖြူစင်တဲ့ ခင်မင်မှုနောက်မှာ
မွန်မြတ်တဲ့ နှလုံးသားလေးရှိတယ်ဆိုတာ
ငါဘယ်လို အရာတွေနဲ့
သတ်သေပြရမှာလဲ
သူငယ်ချင်းရေ . . .
ဘာပဲဖြစ်ဖြစ်ပေါ့
မှန်ကင်းတောင် ထင်းဖြစ်သေးရင်
ဘာမဟုတ်တဲ့ ငါဟာလဲ
ဘာမှမဟုတ်တဲ့ အကောင်ဖြစ်နေတာ
ဘာဆန်းသလဲ သူငယ်ချင်း။

အတ္တ


ဒီဇင်ဘာလရဲ့ တစ်ညမှာပေါ့
ငါဟာ သန်းခေါင်ယံ အချိန်မှာတောင်
လမင်းကို မော့ကြည့်ပြီး ကြည်စင်တွေကိုရေတွက်ရင်း
နှင်းဖွေးဖွေးတွေကြားမှာ
ဆေးလိပ်တိုကို အဖော်ပြုလို့
အနာဂတ်တွေကို ၀ါးမျိုကြည့်နေမိတယ်
အရာရာကို လျစ်လျှူရှု့
ဥပေက္ခာပြုလို့ ရမယ်ဆိုရင်
ကဲလာစမ်း . . . ကံကြမ္မာ . . . ။
အဲဒီအချိန်မှာ အမှောင်ထုက ဆိတ်သုဉ်း
တိမ်တိုက်တွေက လှောင်ရီနေပြန်
လမင်းနဲ့ ကြယ်စင်တွေလည်း ကွယ်ပျောက်
ငါဟာ တစ်ယောက်ထဲပါလား
ဒါပေမယ့် . . . ငါဟာငါပဲ
ငါ့ရဲ့ အတ္တ စစ်စစ် ဖြစ်ခဲ့ရင်တောင်
ဒီအချိန်မှာ . . .
ဖိတ်စာကိုင် ၀င်လာတဲ့ မာန်နတ်ကိုတောင်
လက်ကမ်းပြီး ကြိုနေမှာ ။
ဒီလိုနဲ့ပဲ ငါ့ရဲ့ အတ္တ ကမ္ဘာကျဉ်းကျဉ်းလေးထဲ
ကံကြမ္မာ စုတ်ပျတ်သတ်နေချိန်မှာ
ငါ့နှလုံးသားက အေးခဲ
ခန္ဓာကိုယ်က ပူလောင်လို့
ဒီလိုနဲ့ပဲ . . . မိုးလင်းခဲ့တယ် ။ ။

အမြုအတေ


ဒီဇင်ဘာလို
ကွန်ထရိုးကို
နှိပ်သည်ဖြစ်စေ မနှိပ်သည်ဖြစ်စေ
ငါတို့ရဲ့ သက်ဂဏန်း
သူစာတမ်း ထိုးပြလိုက်တဲ့အခါ
တုန့်ပြန်ဖို့ အမြုတေ တစ်ခုခု
လက်ဆုပ်လက်ကိုင်ထားလိုက်တာအမှန်
ငါတို့ဟာ
မျတ်လှည့်ဘီလူးကြီးတွေ
ကမ္ဘာ့လူလိမ်ကြီးတွေ ၀င်စားခြင်းအဖြစ်
သူ့ကို မတုန့်ပြန်မိစေနဲ့
ငါတို့ ပြရမဲ့ အမြုတေဟာ
ဘနဲ့ဝကို ပဲ့ကိုင်နိုင်ရမယ်
ထာဝရ မှန်ကင်းဖြစ်ရမယ်
ထင်းမဖြစ်စေရဘူး
သူငယ်ချင်း
မင်းဘာတွေ အသင့်ပြင်ထားတာရှိလဲ ? ။

တိတ်တခိုး


ငါ့အတွက်
လုံလောက်သွားခဲ့ပါပြီ
မင်းရဲ့ ကြင်နာမှုပြည့်ဝတဲ့
အကြည့်တစ်ချက်နဲ့တင်
ပြည့်စုံသွားခဲ့ပြီလေ
မင်းအကြည့်တွေထဲမှာ
ရိုးသား ဖြူစင်လွန်းတဲ့
မင်းရဲ့ တိတ်တခိုးအချစ်ကို
ငါတွေလိုက်ရတယ်
ငါ့အတွက် လုံလောက်ခဲ့ပါပြီ
ပွင့်လင်းမှုဆိုတာ ( အချစ်မှာ )
အပိုပစ္စည်းသက်သက်ပါ
နှလုံးသားခြင်းနားလည်မှုနဲ့
မင်းရင်ထဲက စကားလုံးတွေကို
ငါဖတ်တတ်ခဲ့ပြီလေ
ဒီတော့ . . .
ငါတို့ နှစ်ယောက် မဖွင့်ဟပဲ
တိတ်တိတ်ကလေးပဲ
ချစ်ကြရအောင်နော် ။ ။

နေ့ရက်မဲ့ ပြက္ခဒိန်

ပြက္ခဒိန်မဲ့ ငါ့နေ့ရက်တွေ

ပျော်စရာနေ့ရက်တွေသိဖို့

ရွက်ဆုတ်ပြက္ခဒိန်ဟာ

ငါ့အတွက် မဟုတ်မှန်း

နှစ်ကုန်မှ ငါသိခဲ့ရတယ်

ဖြစ်ချင်တာမဖြစ်တဲ့

ဟောဒီလောကကြီးမှာ

ဘာကြောင့်

ငါလုပ်ချင်တာတွေလုပ်နေရတာလဲ

ခြောက်သွေ့တဲ့ ကန္တာရထဲမှာ

ငါဟာ

ရေကြည် တစ်စက်ကို ရှာနေသူပဲ

ကံကံရဲ့ အကျိုးကို မယုံကြည်တဲ့ငါ

ကံစေရာနောက်ကို

ငါလိုက်ခဲ့ရပြီလေ

နောက်ဆုံးတော့

“စုံဂဏန်းကို စုံဂဏန်းနဲ့စားတော့

ပျတ်ပေါ့´´ ဆိုတဲ့

“ခင်ဇော်မြင့်´´ ရဲ့ကဗျာစာသားလေးကို

အသံတိမ်တိမ်နဲ့

ရွတ်နေမိတော့တယ် ။ ။

ရှုပ်တယ်နော်

အတ္တတွေနဲ့ လှောင်ပိတ်ထားတဲ့

ငါ့နှလုံးသားထဲမှာ

တားစီးမရတဲ့ ရင်ခုန်သံတွေနဲ့

ငါ့ကဗျာကာရန်တွေကလွဲရင်

ငါဟာ အရာ အားလုံးအပေါ်မှာ ရိုးသားခဲ့ပါတယ်

မှန်ကွဲတစ်ချက်လို ဘ၀ကို

အကောင်းတိုင်း ပြန်ဖြစ်နိုင်ဖို့

စိတ်ကူးတွေနဲ့ ဆက်ရင်း

အကင်းမသေသေးတဲ့ ဒါဏ်ရာအတွက်

တောက်တခေါက်ခေါက်နဲ့

(ခုချိန်အထိ)

ရန်သူဘက်က ရှေ့နေလိုက်နေမိတယ်

ငါမှားလား

ငါမမှားခဲ့ပါဘူး

အတ္တဆန်ဆန် ငါမှန်ခဲ့ပါတယ်လေ

ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာကို ငါမုန်းတယ်

သူတို့တစ်တွေကို

ချစ်တတ်ခြင်း နက္ခတ်တစ်ခုနှင့်

အတူတကွ မွေးဖွားခဲ့ပေမယ့်

ငါ့အတွက်တော့

သူတို့ရဲ့ ဥပေက္ခာနက္ခတ်တွေနဲ့အတူ

ငါ့ရင်ဘက်ထဲကို စိုက်ဝင်လာတဲ့

မာန်နတ်တစ်စင်းဖြစ်ခဲ့တယ်

ငါသူတို့ကို မမုန်းခဲ့ပါဘူး

အတ္တဆန်ဆန် ငါသူတို့ကို ချစ်ခဲ့တယ်လေ

ဒါပေမယ့်

ငါ့နှလုံးအိမ်ထဲက

သံယောဇဉ်တေးသွားတွေကို

သူတို့မကြားတတ်ခဲ့တာ တစ်ခုကိုပဲ

ငါရင်နာတယ် . . .

ကျောချခံရတာတောင် ဓားပြလို့ မယုံကြည်ခဲ့တော့

မာနတွေနဲ့ လိမ်းကျံထားတဲ့ငါ

ရင်ထဲက ဒါဏ်ရာ ခုချိန်ထိ သွေးမတိတ်ခဲ့ဘူး

နှုတ်မဆက်ပဲ ကျောခိုင်းထွက်ခဲ့ပေမယ့်

လှမ်းခေါ်လေမလားဟု

နားစွန့်မိတာ ငါမှားလားကွာ

ငါဟာ ခဲမှန်ဖူးတဲ့

စာသူငယ်ဖြစ်လေတော့

ဒါဏ်ရာတွေ ပြေပျောက်ဖို့အတွက်

မင်းတို့နဲ့ဝေးရာ

ငါထွက်သွားပါ့မယ်ကွာ

ငါ့ဘ၀ စာမျတ်နှာတွေကို

ငါကိုယ်တိုင်

ငါကိုယ်တိုင်ပါပဲ

အရောင်ရင့်ရင့်ခြယ်လို့

ငါ့ရဲ့

အတ္တ မာနတွေနဲ့ပဲ

ငါ့ရဲ့အပြာရောင် ဒိုင်ယာရီထဲမှာ

ထပ်ကာထပ်ကာ

လိမ်ခြယ်နေအုံးမှာပါ

လိမ်းခြယ်နေအုံး မှာပါကွာ ။ ။

စိတ်တေလေ

ကဗျာမစပ်တတ်ဘူးဆိုပေမယ့်

ငါ့ရဲ့ခပ်ထိုင်းထိုင်း ဦးနှောက်က

သံချက်မမှန်တဲ့ နာရီ စက်သံကို နားထောင်ရင်း

ကာရန်မကျတဲ့ ကဗျာတစ်ပုဒ်ကိုပဲ

ထပ်ကာထပ်ကာ စပ်နေမိတယ် ။

မခံစားတတ်ဘူးဆိုပေမယ့်

ငါ့ရဲ့ ခပ်ပင်းပင်းနားတစ်စုံက

HipHop သီချင်းတစ်ပုဒ်ကို

ခပ်ပျင်းပျင်းနားထောင်ရင်း

Ruby တွေကို တစ်လိပ်ပြီးတစ်လိပ် သောက်နေမိတယ်။

မချစ်တတ်မကြောက်တတ်ဘူးဆိုပေမယ့်

ငါ့ရဲ့ စုတ်ပျတ်သတ်နေတဲ့ ဆာလောင်မှုက

ဒီအချိန်

ချစ်သူမင်းမရှိရင်နေပါ

အစီခံရောက်တော့မယ့်

ဆေးလိပ်တိုလေး ကုန်သွားမှာကိုပဲ ကြောက်နေမိတယ် ။

မယဉ်ကျေးခဲ့ဘူးဆိုပေမယ့်

ငါ့ရဲ့ အတ္တဆန်ဆန် နှလုံးသားက

မှော်လိုဖမ်းစားတတ်တဲ့

အဖြူရောင်စကားလုံးတွေနဲ့ပဲ

ဗြောင်ကျကျ ရင်ဆိုင်ခဲ့တာပါ

ဒါပေမယ့်

ရဲ့ဖြူစင်တဲ့ တေးသွားတွေကို

သူတို့မကြားတတ်ခဲ့ဘူး

ငါ့ရဲ့ ဖြူစင်တဲ့ သင်္ကေတတွေကို

သူတို့ မဖတ်တတ်ခဲ့ဘူး

ငါ့ရဲ့ ဖြူစင်တဲ့ အသင်္ချေတွေကို

သူတို့ မသိနိုင်ခဲ့ဘူး ။

ရင်မဆိုင်ခဲ့ဘူး ဆိုပေမယ့်

ငါ့ရဲ့ ကျို့ကျဲကျဲ အခွင့်လမ်းမှာ

ညဥ့်ပျောက်ငှက် တစ်ကောင်ရဲ့ ဘ၀နဲ့

ဘ၀ကို ရုန်းကန်နေရလို့ပါ

ဘ၀ကို ရုန်းကန်နေရလို့ပါကွာ ။

မှားတွေ ခါခါ လုပ်ခဲ့တယ်ဆိုပေမယ့်

ငါ့ရဲ့ ဖြူစင်တဲ့ အပြာရောင်စာမျတ်နှာမှာ

Corrective-Pen တစ်ချက်

မသုံးခဲ့ပါဘူး

ဒါတောင်မှ ငါ့အတွက်များ

စကားတွေများ

လက်ငြိုးတွေလွင့်

ဖြစ်တတ်တဲ့ အကျင့်ထက်ပိုနေမလားလဲ

ပိုနေမလားပဲနော် ။ ။

ငါ့ကိုငဲ့မကြည့်နဲ့(ရိုးသားခြင်းဇုံ)

ဟိုက စောင်းလိုက် ဒီက ဖိတ်စင်လိုက်

မကျေနပ်တာတွေကို ကျေနပ်ပေးလိုက်

ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ရောက်လာတဲ့စိတ်

ဘာတွေကို ဦးတည်နေလည်း

မရှိတာလည်း ရှိမရှိ မသေချာတဲ့ ငါ့ဘဝ

အားပေးဖော် စကားလုံးတွေကို စစ်ထုတ်ရင်း

သံသယတွေနဲ့ လိမ်းကျံခံခဲ့ရတယ်

ငါမှားလား ငါမှန်လား

သေချာမသိ အတိအကျမရှိတဲ့

ဒါက

ငါ့ရဲ့ ကိုယ်ပိုင် သီအိုရီ

သရဲနီကို အားပေးပေမယ့်

သရဲနီက ကောင်းကျိုးမပေးခဲ့တော့

သရေရလာဘ်ပဲ ကျေနပ်ခဲ့ရပေါင်းများပြီ

ဘာပဲဖြစ်ဖြစ်

ခင်မင်မှုရဲ့ အဆုံးမှာ ဖြူစင်မှုတွေ

ဖြူစင်မှုရဲ့အဆုံးမှာ ကြည်လင်မှုတွေ

ထပ်ကာထပ်ကာ ရှိနေအုံးမှာပဲ

သူငယ်ချင်းရေ . . .

အတိတ်.အနာဂတ်.ပစ္စုပ္ပန်ဆိုတာ မရှိခဲ့ရင်

ဒီည ငါအိပ်ရေးပျတ်မှာမဟုတ်ဘူး

မနက်ဖြန် အနာဂတ်များစွာအတွက်

ဒီညရဲ့ နာရီလတ္တံတွေက ရိုးအလွန်းပါတယ်ကွာ

အစကတည်းက

အစဉ်အလာနဲ့ ပါလာတဲ့ ပျတ်သုဉ်းခွင့်ကို

ဘယ်ရေသောက်မြစ်က တွန်းလှန်နိုင်ခဲ့လို့လဲနော်

စိတ်ဓာတ်ကျမနေပါနဲ့

လာ . . . သူငယ်ချင်း

ကျားမဆွဲခင်လေး

တို့တစ်တွေ ရိုးသားကြရအောင်ကွာ ။ ။

အရိုးရှင်းဆုံးပါပဲ

ဖြူစင်ဆုံး စကားလုံးအတွက်

ရိုးအလွန်းတဲ့ ငါ့ပါးစပ်

စက်သေနတ်နဲ့ ငါပစ်ချင်တယ်

ဟာဟ

သားကောင်တစ်ကောင်အတွက်

ငါဟာ မုဆိုးဖြစ်ခဲ့ရတယ်

ဘဂ္ဂဒတ်က ထကွဲမဲ့ဗုံးဟာ

မင်းမဟုတ်ခဲ့ရင်

မင်းခန့်သူ လဲ ငါမဖြစ်နိုင်ဘူး

ကဗျာတစ်ပုဒ်ကို ထုစစ်တိုင်း

ငါ့ရင်ဘက်က ထွက်ကျလာတဲ့ ကာရနန်တွေဟာ

အချစ်ကင်းမဲဇုန်ထဲ ခုန်ဆင်းနေတယ်

အရှုံးတွေနဲ့ပဲ နေသားကျနေတဲ့ငါ

အဲဒီအရှုံးကိုလည်း

ငါဥပေက္ခာပြုတတ်လာတယ်

ဆောင်းအကုန် နွေအကူး

လေရူးတွေတိုက်သလို

ငါ့ရဲ့စိတ်တွေလည်း

ပရစ်ဖူးလေးတွေနဲ့အတူ

ဘ၀ကို အသစ်တွေ အသစ်တွေ

စခဲ့ပေါင်းလည်းများပြီ

ဘယ်တော့မှ အကင်းမသေနိုင်တဲ့ ငါ့စိတ်တွေဟာ

ငါ့အတွက်တော့

ပန်းတိုင်ဆိုတာ ရှာလေဝေးလေပါပဲ

ပန်းတိုင်ဆိုတာ ရှာလေ ဝေးလေပါပဲဗျ ။ ။

Tuesday, January 3, 2012

ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှိးများ

ခါးသီးဆုံးနေ့ရက်တွေ အတွက်
ရင်နင့်ခံစားနေမယ့်အစား
ပျော်စရာ ကံကြမ္မာကို ဖန်တီးရင်း
ဘ၀အမောတွေ ပြေပျောက်ဖို့အတွက်
အကြည်တော်က
ငါ့ရဲ့ အချော့တော်ဖြစ်ခဲ့တယ်
တစ်နေ့နေ့ဆိုတဲ့နေ့ရက်တွေကို
လက်ချိုးရေတွက်ရင်း
ငါ့လက်ချောင်းတွေ
ငြောင်းခဲ့ရတယ်လေ
ဘာပဲဖြစ်ဖြစ်ပေါ့ . . .
ငါပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက
သိပ်တော့ မမျှဘူးလေ
အသိုက်အမြုံကို စွန့်ပစ်ရမှုများ
လောကကြီးရဲ့ နာနာကျင်ကျင် အကြည့်များ
သူငယ်ချင်းတွေရဲ့ အပြစ်တင်သံများ
ဇော်ဂျီ မြစ်ရဲ့ ဆန့်ကျင်ဘက် တော်လဲသံများ
အားလုံး အားလုံးကို
နောက်ဆုံးတော့ ငါပိုင်ဆိုင်ခဲ့ရတယ်လေ
မင်းမသိပေမယ့်
ငါသိသလိုနဲ့ ငါလည်းမသိခဲ့ဘူးလေ
ကံကြမ္မာပေးခဲ့တဲ့ ကံတရားအတိုင်း
ငါ ကကြိုးဆင်ခဲ့တာတော့ မဟုတ်ဘူး
ပစ္စလတ်ဆန်တဲ့ ကကြိုးအောက်မှာ
ကြိုးဆွဲရာ ကခဲ့ရတာပါ
ဒီအဖြစ်တွေကို ဘယ်သူမှ မသိပေမယ့်
ငါသိခဲ့တယ်လေ
မင်းသိဖို့ မလိုသလို
ငါသိဖို့လဲ မဟုတ်ခဲ့ပြန်ဘူး
ထားပါတော့ . . .
အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့
ရှေ့ဆက်ရမဲ့
ငါ့ရဲ့ အနာဂတ်များစွာ အတွက်
မင်းက ငါ့ရဲ့ ဆူးငြောင့်ခလုတ်လဲ မဟုတ်ဘူးလေ
မင်းကို ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး
မင်းရဲ့ တုန့်ပြန်မှုတွေကို
သံသယတွေနဲ့ လိမ်းကျန်ခဲ့တာပါ (မှန်ကန်တဲ့ သံသယတွေလေ)
မင်းနဲ့ငါ့ရဲ့ အကြောင်းကို
မင်းမသိသလိုနေခဲ့သလို
ငါလည်း မင်းလိုပဲ
ဘာမှမသိတဲ့ ငတုံးတစ်ယောက်လို နေခဲ့မိတယ်
ငါမှားလား ငါမှန်လား
ခွဲခြားမရမယ့် အတူတူ
ကံကြမ္မာ ဒိုင်လူကြီးကိုပဲ
ငါ စိန်ခေါ်ပြီး အလဲထိုးခဲ့တယ်
ငါ နိုင်ခဲ့တယ်လို့ မင်းထင်လား
ငါ မင်းမသိအောင် ငါရှုံးနိမ့်ခဲ့တယ်
ဒါတွေ မင်းမသိအောင်
ငါ့ နှလုံးသား တစ်စုံကို မာန ၀တ်ရုံခြုံပြီး
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။

တောင်းပန်ပါတယ်

ကြယ်တွေ မီးဇာကုန်တဲ့ညက
ငါ့ကို ဆွဲခေါ်တယ်
မိုးခိုငှက်တို့ရဲ့ဒုက္ခထပ်
ငါ ဒုက္ခက
နှာတစ်ဖျားသာတယ်
လွမ်းမောချင်တွေရပ်ပါတော့
ငါကို မလှောင်ပါနဲ့ကွာ
တကယ်ဆို ငါလေ
မင်းနဲ့ ပတ်သတ်ပြီး
ဒဿဂီရိ ဖြစ်ခဲ့ရတယ်
မင်းကုသဖြစ်ခဲ့ရတယ်
တစ်ခါတလေကျတော့
ဟစ်တလာ ဖြစ်ရပြန်တယ်
နားလည်ပေးပါကွာ
အချစ်စစ်တစ်ခုအတွက်
ငါ့ဘ၀ကို
စိတ်ကူးနွံထဲမှာ နစ်ခဲ့တယ်
ငါ ရုံးထွက်ဖို့ ကြိုးစားနေဆဲပါ
ငါ့ကို မမုန်းပါနဲ့
တိတ်တိတ်ကလေးပဲ
ငါနားက ထွက်သွားပါ
ငါတောင်းဆိုနေတာ မဟုတ်ပါဘူး
ငါမင်းကိုချစ်တဲ့ စိတ်နဲ့
ငါတောင်းပန်နေတာပါကွာ
ငါတောင်းပန်နေတာပါကွာ ။ ။

အလဲထိုးခံရခြင်း

ကဗျာမဆန်တဲ့
မီးသွေးရောင် ညစာမျတ်နှာအောက်မှာ
မိုက်မဲမှုတွေကို
တစ်ပတ်ခြင်းသောက်ရင်း
အမြည်းခွက်မဲ့တဲ့ညကို
အတွေးများဖြင်း ထိုးကျွေးခဲ့တယ်
တရားစွဲမရတဲ့
ငါ့လိမ်လည်မှုနောက်က
ရိုးရိုးအအ ငါ့နှလုံးသားလေးကို
မင်းမို့ အပြစ်တင် မောက်မာရက်တယ်
မဖြစ်နိုင်မှန်းသိပေမယ့်
ငါလျှောက်လှမ်းခံပါတယ်
ကမ်းပါးက ငါ့အတွက် မခိုင်ခံခဲ့ဘူး
မိုက်မိုက်မဲမဲပါပဲ
ငါအချစ်တစ်ခုကို စိန်ခေါ်ခဲ့တယ်
ပထမခြေလှမ်းရဲ့ အ၀င်အ၀မှာပဲ
ငါအလဲထိုးခံလိုက်ရတယ်
အရင်လို ပြန်နေသားကျဖို့
နှလုံးသားကို ဒဏ်ရာနွံထဲက
ဆွဲမထုတ်နိုင်သေးဘူး
မှားမှန်းသိရက်နဲ့
ဇွတ်မိုက်နေတဲ့
ငါ့ရဲ့ အနီရောင်စာမျတ်နှာတွေကို
ကျော်လွန်ဖို့အတွက်
Whisky တွေနဲ့ သတေးခံခဲ့ရတယ်
အပြစ်ကင်းစင်တဲ့ ကိုယ်ထဲက
ကလီစာတွေကို
ငါဘယ်လို ဖြေရှင်းချက်ပေးရမလဲ
အနီရောင်ကောင်မလေးရေ
မင်းနှလုံးသားရဲ့
ခဏတာ လိုအပ်မှုအတွက်
ငါ့ရဲ့ပေးဆပ်မှုက ရက်ရောလွန်းတယ်နော် ။ ။

အလွမ်းတေးခြင်း

သရက်ရနံတွေရရင်
ဇော်ဂျီ မြစ်ဘေးက
သရက်ပင်အိုကို လွမ်းတယ်
သူငယ်ချင်းတို့ရေ
ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေမရှိခဲ့ရင်
ငါ့မျတ်ဝန်းတွေ
ရီဝေနေမှာမဟုတ်ဘူး
ငါအမြတ်တနိုး တန်ဖိုးထားတဲ့
ငါ့ရဲ့ အဖြူရောင် ဒိုင်ယာရီလည်း
အလွမ်းကာရန်တွေ (တေးသွားတွေ)
ပြည့်မောက်နေမှာ မဟုတ်ဘူး
တစ်ခါတလေမှာ
ငါ့ရဲ့ အတိတ် အနာဂတ် ပစ္စုပ္ပန် တွေကို
မျတ်ရည်တွေနဲ့ ထိုးကျွေးကြည့်မိတယ်
အရာမထင်ခဲ့ပါဘူး
ကြည့်မှန်တစ်ချက်လို
တုန့်ပြန်သက်ရောက်မှု့ တစ်ခုသာ
ငါ အခါခါ ပိုင်ဆိုင်ခဲ့ရတယ်
နောက်ဆုံးတော့
ဇော်ဂျီသားလေး ကျွန်တော်
ဇော်ဂျီကိုလွမ်းတာ မဆန်းပါဘူးနော် . . .။

ငါရှုံးပါတယ်

သံစဉ်တွေ အံကျလာတဲ့ လူပျိုလှည့်ည
တေးသံအေးအေးလေးရဲ့ အဆုံးမှာ
ခေါင်းကိုက်အောင်မူးနေတဲ့
Beer တစ်ခွက် နဲ့ Ruby တစ်လိပ်
အရာအားလုံးဟာ
အတိတ်မှာပဲ ရှိပါစေလို့
မှုန်ပြပြ အလင်းအရောင်အောက်မှာ
ငါ . . . . . ဆုတောင်းမိတယ်
အတိတ်မှာ ဘာတွေဖြစ်ခဲ့ခဲ့
ပြီးဆုံးသွားပြီ ကြေငြာသူ ရှုံးကြေးလို့
မင်းပြောခဲ့တယ်နော်
သစ္စာတရားကို လက်ကိုင်ထားတဲ့
မင်းအတွက်တော့
အမှန်အမှား ခွဲခြားဖို့
မင်းက သစ္စာတရားကြီးသူလား , , ,?
ထားပါတော့လေ
သစ္စာတရားဆိုတဲ့ အဓိပ္ပါယ်ကို
မင်း အသေအချာနားလည်ရဲ့လား . . . ?
လူတစ်ယောက်က မင်းအရှေ့မှာ
ကျရှုံးသွားတာကို မင်းခံတွင်းတွေ့နေလား . . . ?
တုန်ပြန်တတ်တဲ့ လောကကြီးထဲမှာ
မင်းလည်းငါ့လို မကျရှုံးပါစေနဲ့
အနိုင်အရှုံးတွေကြားမှာ
အရှုံးတွေဟာ ငါ့ရဲ့ မိတ်ဆွေတွေဆိုတာ
မင်း သိမှ သိပါလေစ
ငါကျေနပ်ပေးရမှာပေါ့
ငါပျော်နေပါတယ် မိန်းကလေး
မင်းအတွေးမှာ
မင်းထင်သလိုမဟုတ်ခဲ့လို့
မင်းတော်တော်ခံပြင်းနေလား . . . ?
နောင်တတွေနဲ့ လိမ်းကျံထားတဲ့
မင်းရဲ့ သစ္စာတရားတွေကို
မင်းကိုယ်တိုင်
မင်းကိုယ်တိုင် ပါပဲ အဆုံးသတ်လိုက်တာနော် ။ ။

ကံဆိုးသူများအကြောင်း

ပုံပြင်ဆိုတာ ယုံတမ်းပါ
ဒါပေမယ့်
ယုံတမ်းတစ်ချို့က
ပုံပြင်ဖြစ်မလာတော့တဲ့အခါ
သင်က
မိန်းကလေးပါဆိုတဲ့
မျတ်ရစ်လှလှနဲ့ ကောင်မလေးရေ
ငါက
ငါ့ရဲ့ ထောင်ချောက်ထဲ
အခါခါ ပိတ်မိနေတဲ့ကောင်ပါ
ယောက်ျားနှင့် မိန်းမနှစ်ယောက်တို့ရဲ့
ရှေ့တည့်တည့်က ဟန်ဆောင်မှု့ကို
ငါသိသလို
ရင်ထဲက တင်းကြပ်မှု့ကိုလည်း
ငါသိပါတယ်
ငါ့ရဲ့ နာနာ ဘာဝဆန်နေ့တွေထဲ
ရိုးရိုးစင်းစင်း စင်ကြယ်တဲ့
မင်းဘ၀ကို
ခေါက်သိမ်း မထားချင်ပါနဲ့
ထပ်မံပြီး နာကြည်းဖို့မရှိတော့တဲ့
နှလုံးသားနဲ့
ပန်ချီကား လှလှလေးကိုပဲ ငေးကြည့်ပါရစေ ။

နောက်ကျသော အသိတရား

စိတ်ဝင်စားဖွယ်
အဓိပ္ပါယ်ရှိသော ဘ၀ဆိုတာ
ငါရှာဖွေလို့ မတွေ့သေးခင်
ပျော်စရာနောက်
ခြေရာကောက်လိုက်ရင်းနဲ့
ပျော်စရာတွေ ပျော်ပျောက်သွားတယ်
ခန်းခြောက်သွားတဲ့
အချိန်တွေအတွက်
ငါ့အသက် နှစ်ဆယ်ငါးနှစ်
လျှော်ပေးလိုက်ရတယ်
ညမအိပ်ခင်
နဖူးပေါ်လက်တင်ပြီး
ဆင်ခြင်တွေးကြည့်လိုက်တိုင်း
တစ်နေ့ဟာ ကျေနပ်စရာဆိုလို့
ဘာမှမရှိ
အသိတရားဆိုလို့
ဘာမှမရှိ
အသိတရားဝင်စဉ်
ထပြီး အလုပ်လုပ်ချင်ပေမယ့်
မိုးကချုပ်သွားခဲ့ပြီလေ
ဒီလိုနဲ့ တစ်နေ့တာရဲ့
ခေါင်းစီးအောက်က
နောင်တတွေ
တစ်သီတစ်တန်းကြီးနဲ့
အိပ်ခန်းဝင်ခဲရတယ်လေ ။ ။

သူငယ်ချင်းသို့

နေ့ရော ညပါ
မင်းအကြောင်း ပြောခဲ့ပါတယ်
ကိုယ့်နှလုံး နောက်မှာရော
အောက်မှာပါ မင်းရောက် မလာခဲ့ဘူး
မျက်တောင်ထူထူနဲ့
ငါကောနေတဲ့အလှတွေ
ခြေဖွဖွနင်းပေမယ့်
လူမိသွားတဲ့ ငါ့အကြည့်တွေ
မင်းရှေ့တည့်တည့်ကနေ
ငါဘယ်သွာနေရမလဲ
မင်းရဲ့ခက်မဲ့မဲ့ အပြုံးနဲ့
ငါ့ရဲ့ ညရေးညတာခက်အောင်
ပေါ့ပျက်ပျက် အိမ်မက်တွေ မတိုက်ပါနဲ့
ငါမှာ ဆင်တော်နဲ့ ခလောက်ရယ်
လွမ်းရမလိုလို မလွမ်းရမလိုလို
မကြာခဏ ဆိုသလိုပဲ
ငါ့ရဲ့ ကိုယ်နှုတ်စိတ် သုံးပါးစလုံး
နှလုံးသားကြောင့် ပျောက်ဆုံးသွားတိုင်း
ငါ ဆုံးရှုံးရမှာ အကြောက်ဆုံးအရာက
ငါ့အသက်နဲ့ မင်းပဲရှိတယ်လို့ပြောမိတယ်
မင်းက – - – - - မစနဲ့ကွာ တဲ့ – - – -
မင်းပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို
ငါ ဘယ်ကွင်းမှာ သွားကန်ရမလဲ ။ ။

လျှောက်လဲခွင့်

လက်မဟာ
အတ္တကို ကိုယ်စားပြုပြီး
လက်ညိုးဟာ
သံသယကို ကိုယ်စားပြုသတဲ့
သူငယ်ချင်း
မင်းရဲ့အတ္တ လက်မကို
ခေါက်ထားပြီး
တို့ဘက်ကို နည်းနည်းလောက်စဉ်းစားပေးပါ
သူငယ်ချင်း
မင်းရဲ့ သံသယ လက်ညိုးကို ခဏတစ်ဖြုတ်ကွေးထားပြီး
တို့ဘက်ကို နည်းနည်းလောက်ပေးကြည့်ပါ
အမှန်အမှား ခွဲခြားမသိ
လှည့်စားခြင်းဆိုတဲ့ပုဒ်မနဲ့
ခုံရုံးမှာတင်ထားတဲ့
မင်းစွဲချက်တွေကို
တို့မပယ်ဖျတ်ချင်ပေမယ့်
မုန်းကြဖို့ဆိုတာ
လက်တစ်လုံးသာခြားပြီး
ပြန်ပြုံးပြနိုင်ဖို့တော့
တစ်သက်လုံး ကြိုးစားရမှာမို့
အချိန်ပေးပြီး တွေးခေါ်စဉ်းစားသင့်တယ် သူငယ်ချင်း ။

Sunday, January 1, 2012

တောင်းပန်ပါတယ်

ကြယ်တွေ မီးဇာကုန်တဲ့ညက ငါ့ကို ဆွဲခေါ်တယ် မိုးခိုငှက်တို့ရဲ့ ဒုက္ခထပ် ငါ ဒုက္ခက နှာတစ်ဖျားသာတယ် လွမ်းမောချင်တွေရပ်ပါတော့ ငါကို မလှောင်ပါနဲ့ကွာ တကယ်ဆို ငါလေ မင်းနဲ့ ပတ်သတ်ပြီး ဒဿဂီရိ ဖြစ်ခဲ့ရတယ် မင်းကုသဖြစ်ခဲ့ရတယ် တစ်ခါတလေကျတော့ ဟစ်တလာ ဖြစ်ရပြန်တယ် နားလည်ပေးပါကွာ အချစ်စစ်တစ်ခုအတွက် ငါ့ဘ၀ကို စိတ်ကူးနွံထဲမှာ နစ်ခဲ့တယ် ငါ ရုံးထွက်ဖို့ ကြိုးစားနေဆဲပါ ငါ့ကို မမုန်းပါနဲ့ တိတ်တိတ်ကလေးပဲ ငါနားက ထွက်သွားပါ ငါတောင်းဆိုနေတာ မဟုတ်ပါဘူး ငါမင်းကိုချစ်တဲ့ စိတ်နဲ့ ငါတောင်းပန်နေတာပါကွာ ငါတောင်းပန်နေတာပါကွာ ။ ။