ရှာချင်ရာအမြန်ရှာဖို့

Sunday, July 22, 2012

သတိရလျှက်ပါ မွေးမေမေ

ဇော်ဂျီမြစ်ဘေးက
သရက်ပင်အိုအောက်မှာ
ပြန်လမ်းမဲ့ နှလုံးသားတစ်စုံနဲ့
မေမေပြန်မလာမှန်းသိပေမယ့်
သားဒီနေ့အထိ စောင့်နေမိတယ်မေမေ
ရင်ထဲက ခံစားချက်တွေသာ
အမှန်တရားတွေသာ ဖြစ်လာခဲ့မယ်ဆိုရင်
နောင်ဘ၀တွေမှာလည်း
အမေသာ . . .
သားတို့ မေမေဖြစ်စေချင်တယ်မေမေ
မေမေရဲ့  . . .
မွေးကျေးဇူး ကျွေးကျေးဇူးတွေ
သားဆပ်ခွင့် မကြုံလိုက်ရတော့
ဝမ်းနည်းမှုတွေဟာ
သားရဲ့ ရှင်သန်မှု
စက္ကန့်တိုင်းမှာ
ထင်ဟပ်နေခဲ့တယ် မေမေ
သားမျှော်လင့်ချက်တွေ
သာရည်မှန်းချက်တွေ
သားရည်ရွယ်ချက်တွေ
မပြည့်စုံခင်မှာပေါ့
မေမေ ဆုံးသွားခဲ့တယ်နော်
သားရဲ့ ညီလေး ညီမလေးလည်းရှိသေးတာပဲ
သားလေ . . . တစ်ယောက်တည်း
အခုလေ  . . . တစ်ယောက်တည်းပါပဲ
သားကံမကောင်းဘူးမေမေ
ဒါပေမယ့် မေမေရယ်
လောကအလည်မှာ
သားတစ်ယောက်
အမေ့ရဲ့ အပြုံးနဲ့
အမေ့ရဲ့ အိပ်မက်တွေသာ
အမေ့ရဲ့ အရိပ်တွေကို အားပြုလို့
သားကြိုးစားဆဲပါ မေမေ
မေမေရယ် . . .
ဒါပေမယ့် မေမေရယ် . . .
ပတ်ဝန်းကျင်က အမေဆိုတဲ့
အသံကြားတိုင်း
သား မျတ်ရည်ကျမိတယ်
သားကြိုးစားခဲ့ သမျှဟာ
မေမေအတွက် ဖြစ်စေခဲ့ ပေမယ့်
မေမေ မခံစားခဲ့ရဘူးနော်
ဒါကို နောင်ဘ၀က
မေမေ ခွင့်လွတ်ပေးပါ
သားကို မငိုဖို့
ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ မေမေကို
သားတစ်ခု တောင်းပန်ပါရစေ
အခု ဆိုရင် . .
အမေဆိုတဲ့ အသံကြားတိုင်း
သားမျတ်ရည် ကျမိတယ် မေမေ
သားမငိုချင်တော့ဘူး မေမေ
သားလေ . . .မျတ်ရည်တွေ ခမ်းခြောက်စေချင်ပြီ
မေမေ ဆိုတာ သားရဲ့ ဘ၀တစ်ခုပဲ မေမေ
ဒါကို . . .
အမေ နောင် ဘ၀က ခွင့်လွတ်ပေးပါမေမေ
သားကို တစ်ခုပဲ . . .
တောင်းဆိုခွင့်ပေးပါ မေမေ
နောင်ဘ၀တွေမှာ
သားတို့မေမေ ဖြစ်ခွင့်ပေးပါမေမေ
နောင်ဘ၀တွေမှာ
သားတို့မေမေ ဖြစ်ခွင့်ပေးပါမေမေ ။ ။


No comments:

Post a Comment