ရှာချင်ရာအမြန်ရှာဖို့

Sunday, July 8, 2012

မာန၀တ်ရုံ

အသည်းခွဲလိမ့်မယ်
သူငယ်ချင်းတွေ ဆိုစကား
ငါမယုံစားခဲ့
ချိုသာတဲ့ မင်းရဲ့ အပြုံး
ကြင်နာတဲ့ မင်းရဲ့ စကားတွေကြား
ငါနစ်မျောမိခဲ့
မမျှော်လင့်တဲ့ တစ်နေ့မှာ
နောက်တစ်ယောက်နဲ့ တွဲလို့
မင်းဘက်က လမ်းစခွဲ
ငါရင်ထဲ မီးတောင်ပေါက်ကွဲ
ချစ်သူရေ . . .
သစ္စာမရှိတဲ့ မင်းကြောင့်
ဘ၀ကို အရှုံးပေး
လောကကြီးကို ဆိုင်ငေးလို့
ခက်ဆွေးဆွေးနေမယ်ဆိုရင်
ယောက်ျားလေး တစ်ယောက်ရဲ့ မာနဆိုတာ
ဘယ်မှာထားမလဲ
မင်းအတွက်ကြောင့်တော့
ငါ့ဘ၀အပျတ်မခံ
အရင်ကထက် ပိုပျော်နေမယ်
မင်းအမြင်မှာ မင်းထင်သလိုမဟုတ်ခဲ့လို့
မင်းခံပျင်းနေမှာလား
ဒါပေမယ့်ချစ်သူ . . .
ချစ်မိတဲ့ ငါ့အသည်း တိတ်တိတ်ကလေး
ကြေကွဲနေတာ
မင်းလည်းမသိသလို
ဘယ်သူမှ မသိဖို့
ငါ့နှလုံးသား တစ်စုံကို
မာန၀တ်ရုံ ခြုံလို့
အချိန် အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။

No comments:

Post a Comment