ရှာချင်ရာအမြန်ရှာဖို့

Tuesday, March 27, 2012

အကျင့်

ပျော်စရာ အိပ်မက်ကလေးရဲ့
လန့်နိုးမှု အဆုံးမှာ
ငြီးငွေ့စရာ စကားလုံးတွေကြား
တက်ခေါက်တတ်တဲ့ ငါ့အကျင့်
ပတ်ဝန်းကျင်ရဲ့
စိတ်ညစ်စရာ ဝေဖန်သံတွေအဆုံး
ပျော်စရာ စကားလုံးတွေကို ဖန်တီးရင်း
ဟားတိုက်တတ်တဲ့ ငါ့အကျင့်
အမှားတစ်ခု ကြုံလာတိုင်း
အမှန်နှစ်ခုနဲ့ ဖာထေးရင်း
ကတိမတည် မှုတွေရဲ့နောက်ဆုံး
ဆင်ခြေပေးတတ်တဲ့ ငါ့အကျင့်
အကျင့်
အကျင့်
အဲဒီ အကျင့်တွေရဲ့ အဆုံး
ဆုံးဖြတ်မှားတတ်တဲ့ ငါ့အကျင့်
ဒီလိုပဲ အကျင့်တွေနဲ့ နပန်းလုံးရင်း
အကျင့်ကောင်းတွေတက်
အကျင့်ဆိုးတွေသာ
ငါ့ရဲ့ ကိုယ်စိတ် နှစ်ပါးလုံးရဲ့
အဖိအနှိပ်ခံ
အကောင်းဆုံး မိတ်ဆွေဖြစ်ခဲ့တယ် ။ ။

No comments:

Post a Comment