ရှာချင်ရာအမြန်ရှာဖို့

Saturday, March 17, 2012

ဘယ်မှာလဲ အမှန်တရား

နောက်မတွေးတော့ဘူးတွေးရင်း
ပုံစံမပျတ်တဲ့
နောက်ဆက်တွဲ အတွေးတွေကပဲ
ပဲ့တင်သံတွေထပ်နေခဲ့ပြန်တယ်
စည်းချပ်မမှန်တဲ့
ပတ်ဝန်းကျင် ထိုးနှပ်သံတွေကြား
ငါ့ဘ၀ရဲ့ ရေသောက်မြစ်လေး
အသက်ငင်ခဲ့ရပြန်တယ်
စိုပြေခြင်း ကင်းဝေးတဲ့နေရာက
မစိုပြေခြင်းရဲ့ နောက်ကွယ်မှာလား?
ဒါဆို
ငါ့ရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ
အမှန်တရားတွေ သေဆုံးခဲ့သလား?
မင်းခန့်သူ ဆိုတဲ့
နာမည်တစ်လုံးနောက်ကွယ်မှာ
အမှားတစ်ရာ ထပ်နေခဲ့သလား?
ငါဟာ
အမိမဲ့သား ရေနဲငါးလိုပဲလား?
ထားပါတော့လေ
ဒီအတွေးတွေ မတွေးဘူးလို့တွေးရင်း
ထပ်တွေးနေမိပြန်တယ်
ဟုတ်ပါတယ်
ခင်ဗျားတို့ပြောသလို
ငါဟာ နောက်ဆုံးတော့
အမှန်တရား ကင်းမဲ့တဲ့ နေရာမှာပဲ ရှိနေပြန်သေးတယ် ။

No comments:

Post a Comment