ရှာချင်ရာအမြန်ရှာဖို့

Tuesday, January 3, 2012

ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှိးများ

ခါးသီးဆုံးနေ့ရက်တွေ အတွက်
ရင်နင့်ခံစားနေမယ့်အစား
ပျော်စရာ ကံကြမ္မာကို ဖန်တီးရင်း
ဘ၀အမောတွေ ပြေပျောက်ဖို့အတွက်
အကြည်တော်က
ငါ့ရဲ့ အချော့တော်ဖြစ်ခဲ့တယ်
တစ်နေ့နေ့ဆိုတဲ့နေ့ရက်တွေကို
လက်ချိုးရေတွက်ရင်း
ငါ့လက်ချောင်းတွေ
ငြောင်းခဲ့ရတယ်လေ
ဘာပဲဖြစ်ဖြစ်ပေါ့ . . .
ငါပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက
သိပ်တော့ မမျှဘူးလေ
အသိုက်အမြုံကို စွန့်ပစ်ရမှုများ
လောကကြီးရဲ့ နာနာကျင်ကျင် အကြည့်များ
သူငယ်ချင်းတွေရဲ့ အပြစ်တင်သံများ
ဇော်ဂျီ မြစ်ရဲ့ ဆန့်ကျင်ဘက် တော်လဲသံများ
အားလုံး အားလုံးကို
နောက်ဆုံးတော့ ငါပိုင်ဆိုင်ခဲ့ရတယ်လေ
မင်းမသိပေမယ့်
ငါသိသလိုနဲ့ ငါလည်းမသိခဲ့ဘူးလေ
ကံကြမ္မာပေးခဲ့တဲ့ ကံတရားအတိုင်း
ငါ ကကြိုးဆင်ခဲ့တာတော့ မဟုတ်ဘူး
ပစ္စလတ်ဆန်တဲ့ ကကြိုးအောက်မှာ
ကြိုးဆွဲရာ ကခဲ့ရတာပါ
ဒီအဖြစ်တွေကို ဘယ်သူမှ မသိပေမယ့်
ငါသိခဲ့တယ်လေ
မင်းသိဖို့ မလိုသလို
ငါသိဖို့လဲ မဟုတ်ခဲ့ပြန်ဘူး
ထားပါတော့ . . .
အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့
ရှေ့ဆက်ရမဲ့
ငါ့ရဲ့ အနာဂတ်များစွာ အတွက်
မင်းက ငါ့ရဲ့ ဆူးငြောင့်ခလုတ်လဲ မဟုတ်ဘူးလေ
မင်းကို ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး
မင်းရဲ့ တုန့်ပြန်မှုတွေကို
သံသယတွေနဲ့ လိမ်းကျန်ခဲ့တာပါ (မှန်ကန်တဲ့ သံသယတွေလေ)
မင်းနဲ့ငါ့ရဲ့ အကြောင်းကို
မင်းမသိသလိုနေခဲ့သလို
ငါလည်း မင်းလိုပဲ
ဘာမှမသိတဲ့ ငတုံးတစ်ယောက်လို နေခဲ့မိတယ်
ငါမှားလား ငါမှန်လား
ခွဲခြားမရမယ့် အတူတူ
ကံကြမ္မာ ဒိုင်လူကြီးကိုပဲ
ငါ စိန်ခေါ်ပြီး အလဲထိုးခဲ့တယ်
ငါ နိုင်ခဲ့တယ်လို့ မင်းထင်လား
ငါ မင်းမသိအောင် ငါရှုံးနိမ့်ခဲ့တယ်
ဒါတွေ မင်းမသိအောင်
ငါ့ နှလုံးသား တစ်စုံကို မာန ၀တ်ရုံခြုံပြီး
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။

No comments:

Post a Comment