Saturday, January 14, 2012

ဘ၀ပေတံ


ဖန်ချိုကျစိမ့်မျက်နှာလေး
မနက်ခင်းတိုင်း
ဘယ်စာမျတ်နှာအောက် သွားပုန်းနေလဲ
ဘ၀စာမျတ်နှာတွေ
တစ်ရွက်ပြီးတစ်ရွက် လှန်နေမိ
အင်အားမဲ့ လက်ချောင်းများ
ဘယ်သောင်ကမ်း ဆိုက်မယ်မသိတဲ့
စိတ်ကူးယဉ်ဆန်ဆန်  အတွေးများ
ဘယ်အရာကို
ကဗျာဆန်ဆန် ကိုင်တွယ်ရမလဲ
လူတိုင်းလူတိုင်း
ကိုယ့်ပေတံနဲ့ကိုယ်
ဘ၀ခရီးတွေကို သွားနေကြတာပဲ
ငါ့ဘ၀ရဲ့ သမိုင်းစာမျတ်နှာဟာ
တစ်ရွက်မပြည့်ခင်
အဆုံးသက်ခံခဲ့ရတယ်
အပုတ်ချခံခဲ့ရတယ်
နောက်ဆုံး
အမြင့်ဆုံးတင်ပြီးမှ ပစ်ချခံခဲ့ရတယ်
“မင်းခန့်သူ´´ဆိုတဲံ ကောင် ဘာအသုံးဝင်သလဲတဲ့
ငါ့ကိုယ်ငါ မေးကြည့်တော့
ငါဟာငါပဲ ဘာမှအသုံးမ၀င်တဲ့အကောင်
အရာရာကို ကိုယ်စိတ်နဲ့နိုင်း
ရိုင်းနေခဲ့တဲ့ကောင်
နောက်ဆုံးတော့
မှုန်ပြပြ အလင်းရောင်အောက်မှာပဲ
ငါ့ပေတံကိုငါ တိုင်းတာကြည့်နေမိတယ် ။ ။

No comments:

Post a Comment