ရှာချင်ရာအမြန်ရှာဖို့

Wednesday, October 10, 2012

မိုးရွာခဲ့သော နေ့ကလေးတစ်နေ့

နာရီစက္ကန့် တစ်ချက်ရွေ့တိုင်း
မင်းကို တစ်ဆတိုး ချစ်မိတယ်
အသည်းခွဲမယ်ဆိုလည်း
ရှေ့ပြေးနိမိတ်ကလေး ပြခဲ့ပါလားကွာ
အလွမ်းနဲ့ တိုက်ခိုက်နေရဲသားနဲ့
ငါ့နှလုံးသားကလည်း
မပြောမဆို မုန်းသွားရက်သူကိုမှ
ဘာလို့ စက္ကန့်နဲ့ အမျှ ချစ်နေမိမှန်းမသိဘူး
တိုက်ဆိုင်မှုတွေ ကြုံတိုင်း
အေးခဲလုတွေ အရည်ပျော်တယ်
တစ်ခါခါ
မင်းနဲ့သွားခဲ့တဲ့ နေရာတွေ
ပြောခဲ့တဲ့ စကားတွေကို ပြန်တွေကြည့်တိုင်း
ငါ့နှလုံးသား
သွေးစုတ်ပြီးဖျားတယ်
မင်းရဲ့ စိမ်းကားရက်စက်မှုတွေအောက်
ငါ့ အတ္တတွေ ကျိုးကြေနေတာ
ဘာ့ကြောင့်လည်း
မင်းအပြောတွေကပဲ ပြုစားတာလား
ငါ့နှလုံးသားကပဲ ပြန်လှည့်စားတာလား
အံသြတယ်
ငါ့အလွမ်းတွေ ပြေပြောက်ဖို့တွက်
မင်ကို နားကြည်းကြည့်လို့လည်း မရဘူး ကောင်မလေး ။ ။