ရှာချင်ရာအမြန်ရှာဖို့

Sunday, July 22, 2012

သတိရလျှက်ပါ မွေးမေမေ

ဇော်ဂျီမြစ်ဘေးက
သရက်ပင်အိုအောက်မှာ
ပြန်လမ်းမဲ့ နှလုံးသားတစ်စုံနဲ့
မေမေပြန်မလာမှန်းသိပေမယ့်
သားဒီနေ့အထိ စောင့်နေမိတယ်မေမေ
ရင်ထဲက ခံစားချက်တွေသာ
အမှန်တရားတွေသာ ဖြစ်လာခဲ့မယ်ဆိုရင်
နောင်ဘ၀တွေမှာလည်း
အမေသာ . . .
သားတို့ မေမေဖြစ်စေချင်တယ်မေမေ
မေမေရဲ့  . . .
မွေးကျေးဇူး ကျွေးကျေးဇူးတွေ
သားဆပ်ခွင့် မကြုံလိုက်ရတော့
ဝမ်းနည်းမှုတွေဟာ
သားရဲ့ ရှင်သန်မှု
စက္ကန့်တိုင်းမှာ
ထင်ဟပ်နေခဲ့တယ် မေမေ
သားမျှော်လင့်ချက်တွေ
သာရည်မှန်းချက်တွေ
သားရည်ရွယ်ချက်တွေ
မပြည့်စုံခင်မှာပေါ့
မေမေ ဆုံးသွားခဲ့တယ်နော်
သားရဲ့ ညီလေး ညီမလေးလည်းရှိသေးတာပဲ
သားလေ . . . တစ်ယောက်တည်း
အခုလေ  . . . တစ်ယောက်တည်းပါပဲ
သားကံမကောင်းဘူးမေမေ
ဒါပေမယ့် မေမေရယ်
လောကအလည်မှာ
သားတစ်ယောက်
အမေ့ရဲ့ အပြုံးနဲ့
အမေ့ရဲ့ အိပ်မက်တွေသာ
အမေ့ရဲ့ အရိပ်တွေကို အားပြုလို့
သားကြိုးစားဆဲပါ မေမေ
မေမေရယ် . . .
ဒါပေမယ့် မေမေရယ် . . .
ပတ်ဝန်းကျင်က အမေဆိုတဲ့
အသံကြားတိုင်း
သား မျတ်ရည်ကျမိတယ်
သားကြိုးစားခဲ့ သမျှဟာ
မေမေအတွက် ဖြစ်စေခဲ့ ပေမယ့်
မေမေ မခံစားခဲ့ရဘူးနော်
ဒါကို နောင်ဘ၀က
မေမေ ခွင့်လွတ်ပေးပါ
သားကို မငိုဖို့
ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ မေမေကို
သားတစ်ခု တောင်းပန်ပါရစေ
အခု ဆိုရင် . .
အမေဆိုတဲ့ အသံကြားတိုင်း
သားမျတ်ရည် ကျမိတယ် မေမေ
သားမငိုချင်တော့ဘူး မေမေ
သားလေ . . .မျတ်ရည်တွေ ခမ်းခြောက်စေချင်ပြီ
မေမေ ဆိုတာ သားရဲ့ ဘ၀တစ်ခုပဲ မေမေ
ဒါကို . . .
အမေ နောင် ဘ၀က ခွင့်လွတ်ပေးပါမေမေ
သားကို တစ်ခုပဲ . . .
တောင်းဆိုခွင့်ပေးပါ မေမေ
နောင်ဘ၀တွေမှာ
သားတို့မေမေ ဖြစ်ခွင့်ပေးပါမေမေ
နောင်ဘ၀တွေမှာ
သားတို့မေမေ ဖြစ်ခွင့်ပေးပါမေမေ ။ ။


Sunday, July 8, 2012

မာန၀တ်ရုံ

အသည်းခွဲလိမ့်မယ်
သူငယ်ချင်းတွေ ဆိုစကား
ငါမယုံစားခဲ့
ချိုသာတဲ့ မင်းရဲ့ အပြုံး
ကြင်နာတဲ့ မင်းရဲ့ စကားတွေကြား
ငါနစ်မျောမိခဲ့
မမျှော်လင့်တဲ့ တစ်နေ့မှာ
နောက်တစ်ယောက်နဲ့ တွဲလို့
မင်းဘက်က လမ်းစခွဲ
ငါရင်ထဲ မီးတောင်ပေါက်ကွဲ
ချစ်သူရေ . . .
သစ္စာမရှိတဲ့ မင်းကြောင့်
ဘ၀ကို အရှုံးပေး
လောကကြီးကို ဆိုင်ငေးလို့
ခက်ဆွေးဆွေးနေမယ်ဆိုရင်
ယောက်ျားလေး တစ်ယောက်ရဲ့ မာနဆိုတာ
ဘယ်မှာထားမလဲ
မင်းအတွက်ကြောင့်တော့
ငါ့ဘ၀အပျတ်မခံ
အရင်ကထက် ပိုပျော်နေမယ်
မင်းအမြင်မှာ မင်းထင်သလိုမဟုတ်ခဲ့လို့
မင်းခံပျင်းနေမှာလား
ဒါပေမယ့်ချစ်သူ . . .
ချစ်မိတဲ့ ငါ့အသည်း တိတ်တိတ်ကလေး
ကြေကွဲနေတာ
မင်းလည်းမသိသလို
ဘယ်သူမှ မသိဖို့
ငါ့နှလုံးသား တစ်စုံကို
မာန၀တ်ရုံ ခြုံလို့
အချိန် အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။
အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့ ။ ။

Tuesday, July 3, 2012

အဖြူရောင် နှလုံးသား (1 . 7 . 2012 )

အကိုမြတ်နိုးစွာတန်ဖိုးထားတဲ့
ညီမလေးရေ . . .
အဖြူရောင်သံစဉ်တွေ ၀ိုင်းရံထားတဲ့မင်းကို
တေးသွားလှလှလေးတွေ ဖန်တီးပေးဖို့
ငါစောင်းကြိုးခတ်ကြည့်နေတုန်းမှာပဲ
တစ်ခြားတစ်ယောက်ရဲ့
ဂစ်တာသံကို နားထောင်နေတဲ့မင်း
ငါရင်နာနာနဲ့ တွေ့လိုက်ရတယ်
ပျော်နေပါစေ ငါ့ရဲ့ ညီမလေး
မင်းပြုံးပျော်ရွှင်နေရင်
ငါ့ရဲ့ပျော်ရွှင်မှုက သုညဒီဂရီမှာပေါ့
ဒါပေမဲ့ ညီမလေးရယ်
မင်းဝမ်းနည်းနေတဲ့အချိန်
မင်းအားငယ်နေတဲ့အချိန်
မင်းမျက်ရည်တွေကျနေတဲ့အချိန်
မင်းလိုအပ်တဲ့အချိန်တိုင်းမှာ
မင်းရဲ့ဘေး ငါရှိနေပေးမှာပါ
ငါဟာ မင်းနဲ့ပတ်သက်လာရင်
ပန်းပျိုးလက်ပဲဖြစ်ပါရစေ
ခြတတ်နေတဲ့ နှလုံးသားတစ်စုံနဲ့
ရင်မခုန်တတ်တဲ့ ငါ့အကျင့်ကို
ရိုးသားစွာနဲ့ ထိန်းသိမ်းပါရစေ
အချစ်ဆိုတဲ့စကားနှစ်လုံးရဲ့ နောက်မှာ
ကာရံထားတဲ့တံတိုင်းတွေကို
ကျော်လွန်ဖြတ်သန်းဖို့
အင်အားမဲ့ငါ့လက်တစ်စုံနဲ့
မင်းကိုဖေးမခွင့်မပေးပါနဲ့
ဒါပေမဲ့ ညီမလေးရယ်
ငါ့နှလုံးသားရဲ့ တစ်နေရာမှာတော့
ပုလဲလေးတွေ မြေခသွားခဲ့ရင်
မင်းနောက်လှည့် မကြည့်ပါနဲ့
မင်းနောက်လှည့် မကြည့်ပါနဲ့ ။ ။